ဒီလိုလေး ကြိုးစားကြည့်ပါ

အယူထွေပြား၊ ထိုသူများအား၊ ပြစ်မှားစိတ်မှာ၊ မရှိရာဘူး။ ပညာချင့်ထောက်၊ မာန်မမောက်နှင့်။ ကိုယ့်အောက်တန်းတူ၊ အထက်သူဟု၊ မှတ်ယူမြဲသို၊ သုံးပုဂ္ဂိုလ်တွင် အောက်ကိုသနား၊ တန်းတူအားမူ၊ မြှောက်စားအမျှ၊ မယုတ်ချနှင့်၊ ထက်ကသူမှာ၊ ရိုသေရာ၏။ (မန်လည်ဆရာတော်ကြီး၊ မဃဒေဝလင်္ကာသစ်) လူအမျိုးမျိုး၊ စိတ်အမျိုးမျိုး၊ အကျင့်စရိုက်အမျိုးမျိုး ရှိနေကြတဲ့သူတွေနဲ့...

Read more »

သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ (သို့) အနှစ်သာရရှိရှိ ကုန်ဆုံးသင့်တဲ့နေ့

လာမယ့် (၃၀-၁၀-၂၀၁၂)ဟာ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်တွေအရ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ပဲ ဖြစ်သလို ဘာသာရေးဆိုင်ရာ ပွဲတော်တွေအရလည်း အဘိဓမ္မာ အခါတော်နေ့ဖြစ်ကာ ဥပုသ်သီတင်း စောင့်သုံးချင်တဲ့ သူတွေအတွက်လည်း ထူးခြားတဲ့ ဥပုသ်နေ့ အခါသမယ ဖြစ်ပါတယ်။ ဘုရားသားတော် ရဟန်းသံဃာတော်များ အတွက်တော့ ညီညွတ်ရေးအတွက် တွေ့ဆုံဖိတ်ခေါ်ရင်း တစ်ညီတစ်ညွတ်တည်း...

Read more »

ဥပုသ်စောင့်တယ်ဆိုတာ

တစ်လောက စာဖတ်ပရိတ်သတ် ဒကာလေးတစ်ယောက်နဲ့ အွန်လိုင်းမှာတွေ့တော့ သူက “ဘုန်းဘုန်းဘုရား တပည့်တော် တစ်ခုလောက် မေးလျှောက်ချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တပည့်တော် ဒိအသက်ဒီအရွယ်အထိ ဥပုသ်တစ်ခါမှ မစောင့်ဖူးဘူးဘုရား၊ စောင့်ရကောင်းမှန်းလည်း မသိဘူး။ ဘယ်လိုစောင့်ရတယ်ဆိုတာလည်း မသိဘူး။ ပြောရရင် ဥပုသ်ဆိုတဲ့ အဓိပ္ဗါယ်ကိုတောင် ကောင်းကောင်းမသိဘူးဘုရား။...

Read more »

ဧည့်သည်

“လာတုန်းကလည်း တစ်ယောက်တည်းနော် လက်တွဲခေါ်ကာ ဖော်မပါဘူး ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။ ပြန်သွားတော့လည်း တစ်ယောက်တည်းနော် လက်တွဲခေါ်ကာ ဖော်မပါဘူး ဥစ္စာချည်းနှီး တစ်ကိုယ်တည်း…” ကိုရီးယားဧည့်သည်များနှင့်အတူ မြန်မာပြည်အထက်ပိုင်း ခရီးထွက်စဉ်က စာရေးသူတို့ အဖွဲ့သည် မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး၏ မင်းကွန်းတောင်ရိုး၊ ဓမ္မနာဒ ကျောင်းတိုက်ကြီးသို့လည်း...

Read more »

မျှော်လင့်ခြင်းရဲ့ နောက်ကွယ်ဝယ်

တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုအပေါ် မျှော်လင့်နေရတဲ့ အလုပ်ဟာ အလွန်စိတ်ပင်ပန်းတဲ့ အလုပ်ဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးလေ၊ ပင်ပန်းမှုကြီးလေပဲ ဖြစ်ပါတယ်။ ပိုဆိုးတာက မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ရင် ခံစားရတဲ့ ဒုက္ခက ပိုဆိုးလှပါတယ်။ သေချာတွေးကြည့်ရင် မျှော်လင့်နေရတာကိုက ဒုက္ခတစ်ခုလို ဖြစ်နေတာပါ။ မျှော်လင့်ချက်ရှိနေရင် ကိုယ်ကိုယ်တိုင်လည်း...

Read more »

အချစ်အကြောင်း ပြောကြည့်ခြင်း

အချစ်နဲ့ ပတ်သက်ပြီး တစ်ယောက်က မေးဖူးပါတယ်။ အများကြီး မသိပေမယ့် သဘာဝဓမ္မအရ ပြောရရင် မေတ္တာ မဟုတ်တဲ့ အချစ်ဟာ တဏှာပေမနဲ့ ဆက်စပ်နေတဲ့အတွက် ပူလောင်မှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ်ကချစ်လိုက်ရတာပဲ ဖြစ်ဖြစ် ကိုယ့်ကို အချစ်ခံလိုက်ရတာပဲ ဖြစ်ဖြစ် ကြာတော့ အဲဒီအချစ်တွေက ငြိမ်းချမ်းမလာဘဲ ပူလောင်မှုတွေသာ ဖြစ်လာနေတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက...

Read more »

ဘယ်သူပြိုင်လို့ နိုင်ပါ့မယ်

သူငယ်ချင်း နှစ်ယောက်… တစ်ယောက်က အသောက်အစား အပျော်အပါးမှာ ဝါသနာထုံပြီး တစ်ယောက်ကတော့ အေးအေးဆေးဆေး နေတတ်ကာ စာဖတ်၊ သူချင်းနားထောင်၊ အင်တာနက်ထိုင်၊ တစ်ခါတလေ တရားနာ၊ တရားစာဖတ် နေလေ့ရှိတတ်သူ။ မတူညီတဲ့ စရိုက်တွေနဲ့ အတူတွဲနေတတ်ကြသူ အချင်းချင်း တစ်ခါတလေ ကိုယ့်ဝါသနာ သူ့ဝါသနာမှာ အတူပါလာအောင် ပြောဆိုကြ၊ အဖော်ဆွယ်တတ်ကြပါတယ်။ သူတို့နှစ်ယောက်လည်း...

Read more »

သံသရာအဆက် ဖြတ်ကြည့်ခြင်း

တစ်လောက မေးခွန်းတစ်ခု ရောက်လာပါတယ်။ တစ်ဘက်သူက ဘယ်လိုမှကို ကိုယ့်အပေါ်မှာ မကောင်းတဲ့အတွက် အဲဒီသူအပေါ်မှာ လောကကြောင်းအရ ပြုကျင့်ပေးရမယ့် ဝတ္တရားတွေ မလုပ်ပေးဘဲ နေခြင်းဟာ ဝတ္တရားပျက်ရာ ရောက်ပါသလား၊ သူမကောင်းလို့ ကိုယ်အကောင်းမလုပ်ပေးတဲ့အတွက် မကောင်းတဲ့၊ တာဝန်မကျေတဲ့ သူထဲမှာ ကိုယ်လည်းအကျုံးဝင်သွား ပါသလားတဲ့…။  ကိုယ်ချင်းစာမိပါတယ်။...

Read more »

ဘဝအစာ ဓမ္မကဗျာများ

ကုသိုလ်တစ်ခု နေ့စဉ်ပြု ကြီးသည်သေးသည် ရွေးမစီဘဲ ကုသိုလ်တစ်ခု နေ့စဉ်ပြုက ပြုဖန်ပါများ ထိုကံများကား ကုသိုလ်ပြုသူ များထိုသူကို အခုချမ်းသာ နောင်ချမ်းသာအောင် ကောင်းမှုအစွမ်း အံ့မခမ်းဖြင့် အကြောင်းအစု အကောင်းပြုမည် မုချအမှန် မလွဲတည်း။ ။ ဘဝနဲ့ ဓမ္မ ဘဝမှာ ဓမ္မမပါရင် အလှဆိုတာ ခဏပါပဲ။ အငယ်တွေလည်း ဘဝထဲမှာ ဓမ္မတွဲမှ အလတ်တွေလည်း ဘဝအဖြာဖြာမှာ...

Read more »

စေတနာအဟုတ်နဲ့ အမှန်လုပ်ပါ

လူအတော်များများက အလုပ်လုပ်တဲ့အခါ ဟန်ပြလုပ်တာတွေ၊ ဟန်ဆောင်လုပ်တာတွေကို လုပ်ပြလေ့ရှိတတ်ပါတယ်။ စေတနာ မပါဘဲ သူများအထင်ကြီးအောင်၊ သူများလေးစားအောင် လူရှေ့သူရှေ့ ဟန်ဆောင်လေ့ ရှိတတ်ပါတယ်။ ဒါဟာ အမှန်ပြယုဂ်မဟုတ်ဘဲ ဟန်ဆောင်သရုပ်သာ ဖြစ်တဲ့အတွက် အချိန်တန်တော့လည်း သူ့အလိုလို လဲသွားကြတော့တာ ဖြစ်ပါတယ်။ အမှန်တော့ ကိုယ်လုပ်တဲ့အလုပ်ဟာ သူများအထင်ကြီးဖို့၊...

Read more »

နေတတ်အောင် ကြိုးစားကြည့်ခြင်း

တစ်ချို့က တစ်ယောက်တည်းဆိုရင် မနေတတ်ဘူး။ တစ်ချို့က အများနဲ့ဆို မနေတတ်ဘူး။ တစ်ချို့က တစ်ယောက်တည်းနေလည်း ပြဿနာဖြစ်တယ်။ အများနဲ့နေလည်း ပြဿနာ ဖြစ်တယ်။ ဘယ်မှာ ဘယ်သူနဲ့ နေနေ အဆင်မပြေ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ပြုပြင်မှု၊ ကိုယ့်စိတ်ကို ဆင်ခြင်မှု အားနည်းလို့ပဲ ဖြစ်ပါတယ်။  တကယ်တော့ ဘဝမှာ အထီးကျန်ခြင်း၊ မကျန်ခြင်းဆိုတာဟာ...

Read more »

အသတ်လွဲနေကြသူများ

သက်မဲ့တစ်ခုကြောင့် သက်ရှိအစုကို သတ်ဖြတ်ကြသူများ ပညတ်တစ်ခုကြောင့် အပြစ်မဲ့တစ်စုကို သတ်ဖြတ်ကြသူများ အစွဲတစ်ခုကြောင့် အလွဲအမှုကို ပြုလုပ်ကြသူများ ကိုးကွယ်ရာမှားလို့ ဒို့ဘာသာတရားကို ထိုးနှက်ကြသူများ စသည်စသည်ဖြင့် ဒေါသသမားတွေက ကိုယ့်တရား ကိုယ်မစီရင်၊ ကိုယ့်ကိုယ်ကို မဆင်ခြင်ဘဲ အသတ်တွေ လွဲနေကြပေပေါ့။ အပြင်ပိုင်းအသွင်ကို အထင်အတိုင်း...

Read more »

အမျက်ပြေ၍ အခက်ဝေစေရန်

မည်သူမဆို ဘ၀တွင် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများသည်လည်း များပြားလာနေမည်သာ ဖြစ်၏။ ထိုအတွေ့အကြုံများတွင် အကောင်းများရှိသကဲ့သို့ အဆိုးများလည်း ရှိတတ်၏။ အမှန်များရှိသကဲ့သို့ အမှားများလည်း ရှိတတ်၏။ အကောင်းနှင့် အမှန်ဖြစ်ခဲ့သည့် အတွေ့အကြုံများသည် ကောင်းနေပြီးသား ဖြစ်သဖြင့် အထွေအထူး ပြောင်းစရာ မရှိသော်လည်း အဆိုးများနှင့်...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ