Facebookက အမေးတစ်ပုဒ် (၂)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta)မှာ တင်ထားတဲ့ “ကိုယ့်ကိုယ်ကို ပြန်သတ်ခြင်း” ဆိုတဲ့ ပို့စ်အောက်မှာ မေးထားတဲ့ အမေးလေးတစ်ပုဒ်ပါ။ စိတ်ဝင်စားစရာကောင်းပြီး သိသင့်တယ်ထင်လို့ ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။မေး။ ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ ပတ်သက်ပြီး တပည့်တော် သိချင်တာလေး တစ်ခုကို မေးလျှောက်ခွင့်ပြုပါ အရှင်ဘုရား။ အဲဒါ မမေးခင် လူ (သတ္တဝါ) ဟာ မိမိကိုယ်မိမိ အချစ်ဆုံးလို့ တပည့်တော် ကြားနာဖူးပါတယ် ဘုရား။ အဲဒါ မြတ်စွာဘုရားဟောတာ...

Read more »

ကြားသိနေရ ရှတတ…

ဘာရယ်မဟုတ်ပါဘူး။ ဘုန်းဘုန်းပတ်ဝန်းကျင်မှာ တွေ့ရမြင်ရ၊ ကြားရ၊ သိရတတ်တဲ့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်ရတဲ့၊ စိတ်ထဲရင်ထဲမှာ ရှတတဖြစ်ရတဲ့ အကြောင်းလေးတွေ နည်းနည်း ပြောကြည့်မလားလို့ပါ။ ဒီလိုပြောလို့ လူ့ကိစ္စဝင်ရှုတ်တယ်ဆိုပြီး အပြစ်တင်ချင်သူတွေလည်း တင်ကြပါစေ၊ အပြစ်မြင်သူတွေလည်း မြင်ကြပါစေ၊ အပြစ်မြင်ပြီး ပြုပြင်သူတွေလည်း ပြင်ကြပါစေ၊ မပြုပြင်လို့ ဟိုထင်ဒီထင် ထင်မယ်ဆိုလည်း ထင်ကြပါစေပေါ့။ ဘုန်းဘုန်းကတော့...

Read more »

သေသူရည်မှန်း ကုသိုလ်စွမ်း …

စာရေးသူအား ကိုရီးယား ဒကာမကြီးတစ်ယောက်က မြန်မာဗုဒ္ဓဘာသာများ၏ သေသွားသူကို ရည်စူးပြီး ပြုလုပ်သည့် ဓလေ့ထုံးစံနှင့် ပတ်သက်၍ မေးလျှောက်ဖူး၏။ ကိုရီးယားနိုင်ငံတွင် လူတစ်ယောက်သေပြီးနောက် ထိုသူ၏ အသုဘကိစ္စများပြီးလျှင် နှစ်စဉ်တစ်နှစ်တစ်ခါလောက်သာ သေသူအတွက် နေရာပေးထားသည့် မြေပုံတွင် သွားရောက်ကာ စားသောက်ဖွယ်ရာများ၊ သေသူကြိုက်တတ်သည့် အရာများဖြင့် ကန်တော့လျက် ပြောချင်ရာများ ပြောပြီး အချိန်တန် အိမ်ပြန်လာကြသည့် ဓလေ့ရှိကြောင်း ပြောဆိုရင်း မြန်မာဗုဒ္ဓဘာသာများ...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၂)...

မောင်ရင်လောင်းနဲ့ နတ်ပြခြင်းဘုန်းဘုန်းတို့ မြန်မာပြည်မှာ နွေရာသီ ကျောင်းပိတ်ရက် ရောက်လာပြီဆိုရင် မြို့လည်းမြို့အလျောက် တောလည်းတောအလျောက် ရှင်လောင်းလှည့်ပွဲတွေနဲ့ စည်ကားနေလေ့ရှိပါတယ်။ ကားနဲ့တစ်မျိုး၊ ဆင်တွေမြင်းတွေနဲ့တစ်ဖုံ၊ လှည်းနဲ့တစ်လှည့်၊ လူနဲ့တစ်ထမ်း စီတန်းကာ လှည့်လည်လေ့ရှိကြတဲ့ ရှင်လောင်းလှည့်ပွဲမှာ ဘုရားကျောင်းကန်အနားသွားပြီး ဘုရားကိုပတ်လို့ နတ်စဉ်ရှာကာ မောင်ရင်လောင်းကို နတ်ပြကြတဲ့ အလုပ်ကလည်း အဟုတ်ကိုဖြစ်ပြီး အရှုတ်တွေနဲ့...

Read more »

မေးလ်ထဲက အမေးများ (၄)

မင်္ဂလာပါ အရှင်ဘုရားတပည့်တော်အနေနဲ့ အရှင်ဘုရားရဲ့ ရေးသားလမ်းညွှန်ချက်တွေကို ဖတ်ရှုမိပြီး နှစ်သက် သဘောကျမိပါတယ်ဘုရား။ အရှင်ဘုရား ရေးသားထားသမျှထဲမှာ မေးလ်ထဲက အမေးအဖြေများဆိုတာလည်း ပါဝင်တာတွေ့ရလို့ တပည့်တော်လဲ သိချင်တာကို မေးလိုက်ရပါတယ်ဘုရား။ နယ်ဝေးရောက်နေသူ တစ်ဦးဖြစ်နေတာမို့ ဖုန်းဆက်ပြီး ရိုသေစွာ လျှောက်ထားမေးမြန်းနိုင်ခြင်း မရှိတာကို ခွင့်လွှတ်နားလည်ပေးဖို့ လျှောက်ထားအပ်ပါတယ်ဘုရား။ တပည့်တော်မေးချင်တာက"ဘုရားရှင်ရဲ့ ကြင်ယာဖော်ဟာ ဘုရားလောင်းရဲ့...

Read more »

လစဉ်ဟောကြား မြတ်တရား (၅)

မျှော်လင့်ချက်ထား မိဘများဘုန်းဘုန်းတို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းရဲ့ တစ်လတစ်ကြိမ် တရားပွဲနဲ့ ရွှေမြန်မာတွေ့ဆုံပွဲကို ဒီလမှာလည်း ထုံးစံအတိုင်း ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ အခြေအနေရ မူလသတ်မှတ်ထားတဲ့ရက်ထက် တစ်ပတ်စောပြီး ၁၉-၆-၂၀၁၁၊ တနင်္ဂနွေနေ့မှာ ကျင်းပဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ကွယ်လွန်သွားတဲ့ ဖခင်ကြီး ဦးတင်ဝင်းကို ရည်စူးပြီး သားဖြစ်သူ ကိုဇော်ဇော်အောင်တင်ဝင်းက ဘုရားအမှူးရှိတဲ့ သံဃာတော်နဲ့ ဧည့်ပရိတ်သတ်အပေါင်းကို ကျောင်းအကျိုးဆောင်အဖွဲ့များနဲ့...

Read more »

မစ္ဆရိယအကြောင်း တစ်စေ့တစ်စောင်း…

မစ္ဆရိယဟူသည် မိမိနှင့် ပတ်သက်သည်များကို မပေးလို၊ မလှူလို၊ မသိစေလို၊ မကြားစေလို၊ မပါစေလို၊ မပေါင်းစေလို၊ မဖြစ်စေလို၊ မရစေလို စတဲ့ ဝန်တိုခြင်း သဘောမျိုးဖြစ်၏။ မိမိရရှိထားသည့် အခြေအနေ၊ အရာဝတ္ထု၊ အခြံအရံ စသည်များအား သူတပါးတို့ ရရှိသွားမည်ကို မလိုလားခြင်း သဘောမျိုး ဖြစ်၏။ ထိုမစ္ဆရိယသည် သူတပါး ကြီးပွားချမ်းသာမည်ကို မနာလိုခြင်း ဣဿာနှင့် ဆန့်ကျင်ကာ မိမိ၏ ပိုင်ဆိုင်မှုများအပေါ်တွင် ဝန်တိုခြင်းမျိုး ဖြစ်၏။ ဣဿာသည် မနာလိုခြင်းဖြစ်ပြီး မစ္ဆရိယသည်...

Read more »

မေးလ်ထဲက အမေးများ (၃)

အရှင်ဘုရား,တရားတော်နဲ့ ပတ်သက်ရင် မေးမြန်းကိုးကွယ်ရာအဖြစ် ဆည်းကပ်ပါ၏ အရှင်ဘုရား။အခုတစ်ခေါက်လည်း တပည့်တော် မသိတာလေးတွေကို မေးလျှောက်ချင်လို့ပါ အရှင်ဘုရား။(၁) သင်္ခါရ လောကမှာ ဘာတွေပါလဲ ဆိုတာကို သိချင်ပါတယ် အရှင်ဘုရား။ဖြေ။ သင်္ခါရလောကဆိုတာ (၃၁)ဘုံနဲ့တကွ သက်ရှိသက်မဲ့ အားလုံးသော သတ္တလောက၊ သြကာသလောက တွေကို ဖြစ်မှုပျက်မှု၊ အိုနာသေမှု စသည် အမျိုးမျိုး အဖုံဖုံးတို့ဖြင့် စီမံဖန်တီး ပြောင်းလဲပြုပြင် ပေးတဲ့သဘောမျိုး၊ တစ်နည်းအားဖြင့် လောကီစိတ်၊ စေတသိက်၊...

Read more »

ပရဟိတစိတ်ထား၊ ထိုသူများသို့...

သဒ္ဓါအပြည့်၊ သီလငွေ့ဖြင့်ဆန္ဒလည်းထား၊ ဝီရိယအားဖြင့်ခန္တီနှလုံး၊ အစဉ်သုံး၍မေတ္တာနှလုံး၊ ကျင့်ကာသုံးသည့်အမှန်ကန်ဆုံး၊ ဤကျင့်ထုံးကားအများတကာ၊ ကောင်းစေရာဖို့စွမ်းဆောင်စေသူ၊ များထိုသူတို့အမှန်မလွဲ၊ သတိစွဲကာလိုက်နာကျင့်ရာ၊ နည်းမှန်ပါ၍ပရစိတ်ထား၊ အို..လူသားတို့ကြိုးစားအမှန် ကျင့်ကြံလေလော့။ ။(မနာပ ဒါယီ ဆရာတော်)ဘုန်းဘုန်းထံကို ဖုန်းဆက်လာသူတွေထဲမှာ နိုင်ငံခြားရောက် ဘုန်းဘုန်းရဲ့ စာဖတ်ပရိတ်သတ်တွေလည်း မကြာခဏ ရှိလာနေပါတယ်။ ဖုန်းဆက်လာတယ် ဆိုတာကလည်း...

Read more »

ဆန့်ကျင်ဘက်ဖြင့် အနိုင်ယူခြင်း

“အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်ရာ၏၊မကောင်းသောသူကို ကောင်းသောအမှုဖြင့် အောင်နိုင်ရာ၏။မပေးမလှူဝန်တိုသူကို ပေးလှူခြင်းဖြင့် အောင်နိုင်ရာ၏၊မုသားပြောသူကို အမှန်သစ္စာဖြင့် အောင်နိုင်ရာ၏”(ဂေါတမမြတ်စွာဘုရား)လောက၌ အရာရာတိုင်းတွင် ဆန့်ကျင်ဘက်များ ရှိနေတတ်၏။ ကောင်းခြင်းမကောင်းခြင်း၊ မှန်ခြင်းမှားခြင်း၊ ကြိုက်ခြင်းမကြိုက်ခြင်း၊ ချစ်ခြင်းမုန်းခြင်း၊ ရှိခြင်းမရှိခြင်း၊ သိခြင်းမသိခြင်း၊ ကျင့်ခြင်းမကျင့်ခြင်း စသည်ဖြင့် အကောင်းအဆိုး...

Read more »

မေးလ်ထဲက အမေးများ (၂)

တပည့်တော်၏ မေးခွန်းကိုဖြေကြားပေးသောကြောင့် ကျေးဇူးအထူးတင်ပါသည် ဘုရား။အရှင်ဘုရား တပည့်တော်မ မေးခွန်းအနည်းငယ်ထပ်မံ၍ မေးလိုပါသည်ဘုရား။ ဖြေကြားပေးပါရန် လျှောက်ထားပါသည်။၁။ တရားထိုင်ရာတွင် မည်သည့်အတွက်ကြောင့် ထိုင်ခုံတွင်ထိုင်၍ မရပါသနည်း။ ထိုင်ခုံတွင်ထိုင်ခြင်းဖြင့် ကြာကြာထိုင်နိုင်သည် မဟုတ်ပါလားဘုရား။ဖြေ။ တရားထိုင်တဲ့အခါ ထိုင်ခုံတွင်ထိုင်ပြီး တရားမမှတ်ရဘူးဆိုတာ မရှိပါဘူး။ မှတ်လို့ရပါတယ်။ ခန္ဓာကိုယ်ရဲ့ လျောင်းထိုင်ရပ်သွား ဣရိယာပုတ်လေးပါးလုံးမှာ...

Read more »

ကောင်းမှုအစု ကြိုးစားပြုလော့

ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌သေကြရမည်၊ မသိနိုင်တာ ဓမ္မတာတည်း။သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်းဖြစ်ရာဘ၀၊ ဘုံဌာနကိုကြိုတင်တိကျ၊ မသိရ၍တိကျသေချာ၊ ခုချိန်ခါ၌ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။(မနာပ ဒါယီ ဆရာတော်)သေခြင်းတရားသည် အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ရောက်လာတတ်သည်ဟူသည့် နိယာမကို မကြာသေးမီက စာရေးသူပတ်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့ကြသည့် နာရေးများက သက်သေပြခဲ့ကြ၏။ ပြည်ပနိုင်ငံတွင် အလုပ်လာလုပ်နေသည့် စာရေးသူဝန်းကျင်ရှိ ဒကာလေးနှစ်ယောက်မှာ...

Read more »

ပြိတ္တာအကြောင်း တစ်စေ့တစ်စောင်း…

ပြိတ္တာနဲ့ ပတ်သက်ပြီးတော့ မေးထားတဲ့ အမေးလေးတွေကို ပြန်ဖြေပေးဖို့ အကြွေးတင်နေတာ အတော်ကြာပြီ ဖြစ်ပါတယ်။ ခုတော့ မဖြစ်တော့ဘူးဆိုပြီး အချိန်ယူကာ ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများနဲ့ အလွန်ရင်းနှီးနေပြီးဖြစ်တဲ့ ဒီပြိတ္တာများအကြောင်းကို ပိဋကတ်သုံးပုံ ပေတဝတ္ထုပါဠိတော်မှာ သင်္ဂါယနာတင် မထေရ်များက မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ဝိမာနဝတ္ထု၊ ပေတဝတ္ထုအဖြစ် မှတ်တမ်းတင်ထားတဲ့ ဒီပါဠိတော်မှာ ပေတဆိုတဲ့ စကားနဲ့ ပြိတ္တာတွေအကြောင်းကို ဖွင့်ဆိုရှင်းပြထားပါတယ်။...

Read more »

မေးလ်ထဲက အမေးများ (၁)...

အရှင်ဘုရား … တပည့်တော်ကို မေးခွန်းလေး နည်းနည်းလောက် မေးလျှောက်ခွင့်ပြုပါ အရှင်ဘုရား။(၁) လောကကြီးက သတ္တဝါတွေရဲ့ ဘဝဖြစ်စဉ်တွေကို သတ်မှတ်ပြီးသားပဲ။ ဘယ်ဘဝရောက်ရင် ဘာဖြစ်မယ်၊ ဘယ်ဘဝရောက်ရင် ဘယ်လိုဖြစ်မယ် စသည်ဖြင့် လောကကြီးက သတ်မှတ်ထားပြီးသားဆိုတဲ့ မိစ္ဆာဒိဋ္ဌိ အမြင်တစ်မျိုးကို တပည့်တော် ဖတ်ဖူးပါတယ်။ အကယ်၍ ခေတ်လူငယ် တစ်ယောက်ယောက်က, (ဒီလိုသတ်မှတ်ထားလို့ပဲ မြတ်စွာဘုရားအပါအဝင် တန်ခိုးအဘိညာဏ်ရတဲ့ သံဃာတော် ပုဂ္ဂိုလ်မြတ်များက ဘယ်ဘဝရောက်ရင် ဘာဖြစ်မယ်၊...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ