မကြာမီ ပြန်လာမည်…

ခုတစ်လော မနာပဒါယီ အင်တာနက်စာမျက်နှာမှာ ပို့စ်အသစ်တွေ မတက်တာ နဲနဲကြာသွားလို့လား မသိဘူး။ စာဖတ်ပရိတ်သတ်တွေရဲ့ အသံလေးတွေ ကြားလာရပါတယ်။ စာမရေးတော့ဘူးလား…၊ ဘာဖြစ်လို့ ပို့စ်အသစ် မတင်ဖြစ်တာလဲ…၊ နေမကောင်းလို့လား…၊ ဒါမှမဟုတ် ဘယ်များကြွသွားလို့လဲ… စသဖြင့်ပေါ့။ ပို့စ်အသစ် မတင်ဖြစ်တာတော့ မှန်ပါတယ်။ ဒါကလည်း နေမကောင်းလို့ မဟုတ်သလို တစ်နေရာရာကို ရောက်နေလို့လည်း မဟုတ်ပါဘူး။ ၀ါကျွတ်ပြီးကတည်းက ဟိုအလုပ်ဒီအလုပ်တွေနဲ့ နဲနဲရှုပ်သွားတာရယ်၊ စာရေးဖို့...

Read more »

ဒါလည်းပဲ ပြီးသွားမှာပါပဲ…

“အရာအားလုံးဟာ မမြဲခြင်းသဘော ရှိ၏” ဆိုတဲ့ ဘုရားစကား ကြားမိတဲ့အခါ တစ်ခါတစ်လေ စာသင်သား ဘ၀က အင်္ဂလိပ်စာ ဆရာကြီးတစ်ယောက် ပြောလေ့ပြောထ ရှိတဲ့ အင်္ဂလိပ် စကားလေးကိုလည်း သွားသွားပြီး သတိရမိပါတယ်။ ဆရာကြီးက စာသင်တဲ့အခါတိုင်း “ This too will pass” ဆိုတဲ့ စကားလုံးလေးကို ရေးရေးပြီး သူ့အတွေ့အကြုံလေးတွေနဲ့ ချိန်ထိုးကာ ပြောပြလေ့ရှိပါတယ်။ ပြီးတော့ သူက “အရှင်ဘုရားတို့ သိတဲ့အတိုင်းပဲဘုရား… လောကမှာ ဘာမှမြဲတာမရှိဘူး၊ ဖြစ်ပြီးရင်ပျက်တတ်တဲ့ သဘောရှိပါတယ်၊...

Read more »

စိတ်အားဖြည့် စကားစုလေးများ (၁၀)…

မနာပဒါယီ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး...

Read more »

Live Questions and Answers (12)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။24 Oct 10, 06:34 AMမြတ်ကိုဘုရား တရား သံဃာ ရတနာမြတ်သုံးကို ရိုသေစွာ ရှိခိုးဦးချပါ၏။ သိလိုဒါများမေးခွင့်ပြုပါဘုရား။(၁) မိမိကိုးကွယ်သော ဆရာဘုန်းကြီးသည် ကိုးကွယ်သင့်သော ဆရာကောင်း ဆရာမြတ် ဟုတ်မဟုတ်ကို မည်ကဲ့သို့သိနိုင်မည်နည်း။...

Read more »

အဝေးအနီး အရေးမကြီးပါ။ အရေးကြီးသည်မှာ…

“နီးတကျက်ကျက် ဝေးတစ်သက်”ဟူသော မြန်မာစကားပုံ တစ်ခုရှိ၏။ လူတို့သည် နီးနေသည့်အခါတွင် အချင်းချင်း အဆင်မပြေဖြစ်ကာ မကြာခဏ ခိုက်ရန်ဖြစ်လျက် တကျက်ကျက်ဖြင့် မတည့်ဖြစ်ကြသော်လည်း ဝေးနေသည့်အခါတွင်ကား သံယောဇဉ်တရားဖြင့် အချင်းချင်း စောင့်ရှောက်ကာ အစဉ်ထာဝရ တစ်သက်သာ ချစ်တတ်ကြကြောင်း ဆိုလိုခြင်း ဖြစ်ပေ၏။ မှန်၏။ လူအတော်များများသည် အဝေးပေါင်းကောင်းလှ၏။ ခဏတာကြုံတွေ့ကြသည့် အခိုက်အတန့်တွင် အဆင်ပြေပြေ ရှိလှ၏။ သူ့အကြောင်းကိုယ်မသိ ကိုယ့်အကြောင်း သူမသိကြသဖြင့်လည်း...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၅) ...

ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှု…ပြောင်းလဲလာတဲ့ အရာတွေထဲမှာ လူတွေရဲ့ ဘုန်းကြီးရဟန်း ကိုးကွယ်ဆည်းကပ်မှုဟာလည်း တစ်ခုအပါအ၀င် ဖြစ်လာနေပါတယ်။ အရင်တုန်းကတော့ ဘုန်းကြီးဆိုရင် ပရိယတ်၊ ပဋိပတ်လုပ်ငန်း တစ်ခုခုကို လုပ်နေရင်ပြီးတာပဲ ခွဲခြားမှုမရှိ ကိုးကွယ်ဆည်းကပ်တတ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ဘုန်းကြီးကိုးကွယ်တာ ဈေးကွက်ဆန်လာတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒီဘုန်းကြီးကို ကိုးကွယ်ရင်၊ ဒီဆရာတော်ကို ကိုးကွယ်ရင် ဘာဖြစ်မယ်၊ ဘာရမယ်၊ ဘယ်သူနဲ့တွေ့ခွင့်ရမယ်...

Read more »

ဘ၀ဆက်တိုင်း သရဏဂုံတည်အောင် ဘယ်လိုပါရမီတွေ ဖြည့်ကျင့်သင့်သလဲ

Q. အရှင်ဘုရားရိုသေစွာ ရှိခိုးဦးတင်လိုက်ပါတယ်ဘုရား။ အရှင်ဘုရားရဲ့ အင်တာနက်စာမျက်နှာကိုလည်း အခါအားလျော်စွာ ဝင်ရောက်ဖတ်ရှု မှတ်သားဖြစ်ပါတယ်။ အမြဲတမ်း ပို့စ်အသစ်တွေတင်နိုင်ပြီး စိတ်ရှည်စွာ ဟောညွန်ပြပေးတဲ့အတွက် ဝင်ရောက်မှတ်သား သူတွေအတွက် ယူတတ်မယ်ဆိုရင် အလွန်အကျိုးရှိလှပါတယ် ဘုရား။ တပည့်တော် အကြိုက်ဆုံးကတော့ နဲနဲလေးတော့ လွဲနေတယ် ဆိုတဲ့ ပို့စ်များပဲဖြစ်ပါတယ်ဘုရား။တပည့်တော်မေးမြန်းချင်တာနဲ့ အကြံပြုချင်တာလေးတွေရှိပါတယ်ဘုရား။ ခွင့်ပြုပေးတော်မူပါ။...

Read more »

ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး…

မကြာသေးခင်က စင်္ကပူမှာရှိတဲ့ ရဟန်းဒကာမ တစ်ဦးနဲ့ စကားပြောဖြစ်တော့ ရဟန်းဒကာမက “အရှင်ဘုရား တပည့်တော်ကို အသိတစ်ယောက်က ‘တခြားဘာသာတွေမှာတော့ ဆုတောင်းတာ၊ ရှိခိုးတာနဲ့ ကျမ်းစာရွတ်တာ ဒီလောက်ပဲ ရှိတယ်၊ ဗုဒ္ဓဘာသာမှာကတော့ ဘုရားရှိခိုးတာ၊ ပုတီးစိတ်တာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်ပွားတာ၊ ပရိတ်ပဋ္ဌာန်း ဓမ္မစကြာရွတ်တာ၊ ဂုဏ်တော်ပွားတာ၊ တရားထိုင်တာ၊ ၀ိပဿနာရှုတာ စသဖြင့် စုံနေတာပဲ၊ ဘာတွေဘယ်လိုကွာပြီး၊ ဘယ်လိုအကျိုးထူးတွေ ရှိတယ်၊ ဘာကြောင့် ဒီလောက် နည်းစနစ်တွေ အမျိုးမျိုး...

Read more »

ဘုရားမကယ်နိုင်သူများ…

လောကတွင် အချို့သူများသည် အကြောက်တရား နည်းပါးတတ်၏။ အယုံအကြည်လည်း နည်းပါးတတ်၏။ လက်တွေ့မဟုတ်လျှင် မယုံသည်များလည်း ရှိတတ်၏။ ထို့ကြောင့် အချို့ဆိုလျှင် မည်သည့်ကိစ္စများတွင် မဆို ပေါ့ပေါ့တန်တန်ပင် ပြောဆိုပြုမူ တုံ့ပြန်တတ်၏။ အချို့ကား ယုံကြည်မှုနှင့် အကြောက်တရား မရှိရုံမျှမက အတွေးအခေါ်များပင် မှားယွင်းသွားကာ ကံတရား၏ သဘောတရားများ အပေါ်တွင်လည်း အပျော်အပြက် ကဲ့ရဲ့တတ်သည်အထိ ဖြစ်တတ်ပေ၏။ ကံကံ၏အကျိုးတရားနှင့် စပ်လျဉ်း၍လည်း လက်တွေ့ မခံရသေးသည့်အခါ...

Read more »

သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့…

ဒီနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့နေ့လည်း ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက ဒီနေ့ဟာ မြတ်စွာဘုရားရှင် ၀ါတွင်းသုံးလ ကာလပတ်လုံး တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက် ကြွရောက်တော်မူတဲ့ နေ့လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာ မြန်မာများက အဘိဓမ္မာ အခါတော်နေ့လို့ ထူးထူးခြားခြား အမည်ထားကြခြင်း...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၄) ...

ကုသိုလ်နဲ့အရက်…“အရက်အရက်”နဲ့ လူအတော်များများဟာ အရက်ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်နေကြပါတော့တယ်။ ဆိုးတာက ဘာသာရေးအရ တားမြစ်ထားတဲ့ ဒီအရက်ဟာ ခုနောက်ပိုင်း ဘာသာရေး ပွဲတွေမှာတောင် နေရာယူလာနေတာကို ကြားသိနေရပြန်ပါတယ်။ ဒါဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ တောတွေမှာရော မြို့တွေမှာပါ ကုသိုလ်ပွဲနဲ့ အရက်တွေက ကင်းမရအောင်ကို ဖြစ်လာနေတာဟာ ဘာသာသာသနာ ဆုတ်ယုတ်ဖို့အတွက် အားပေးနေသလို ဖြစ်နေပါတယ်။ အရင်တုန်းက တောရွာတွေမှာ ကုသိုလ်ပွဲလုပ်၊ အလှူပွဲတွေ လုပ်ကြမယ်ဆိုရင်...

Read more »

ပ၀ါရဏာက ပေးတဲ့ မက်စေ့ခ်ျ (message) (သို့) ပ၀ါရဏာ ပြုကြစို့…

၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ် လပြည့်နေ့ကိုရောက်ဖို့ အချိန်ဟာ တဖြည်းဖြည်း နီးကပ်လာတာနဲ့အတူ ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်များနဲ့ ၀ါတွင်းကာလ ကုသိုလ်တော် ယူနေကြတဲ့ ဒကာဒကာမများရဲ့ လှုပ်ရှားမှုတွေဟာလည်း ပိုပြီးအသက်ဝင်လာ နေပါတယ်။ သံဃာတော်များရဲ့ လှုပ်ရှားမှုတွေထဲမှာ ၀ါကျွတ်တဲ့နေ့မှာ ကျင်းပကြမယ့် ပ၀ါရဏာပွဲဟာလည်း ထင်ရှားတဲ့ လှုပ်ရှားမှု တစ်ခုအဖြစ် ပါဝင်နေသလို ဒကာဒကာမများရဲ့ လှုပ်ရှားမှုတွေထဲမှာ သီတင်းကျွတ်လပြည့်နေမှာ ပြုလုပ်လေ့ ရှိကြတဲ့ သံဃာ့ပူဇာပွဲနဲ့...

Read more »

လယ်တစ်ကွက်၊ ပေါက်တူးတစ်လက်နဲ့ ရဟန်းလူထွက်…

သံယောဇဉ်ဆိုတာကလည်း အခက်သား။ စွဲမိပြီဆိုရင် ဘာမဟုတ်တာလေး အပေါ်မှာလည်း စွဲလမ်းမိပြီး ဖြတ်ဖို့ခက်တတ်တဲ့ သဘောရှိပါတယ်။ ပစ္စည်းဥစ္စာ တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ နေရာဒေသ တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ အလုပ်အကိုင် တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုပဲ ဖြစ်ဖြစ် နေ့စဉ် မြင်နေတွေ့နေ ရင်းနှီးနေတော့ မရှိရင်၊ မမြင်ရင်ကိုပဲ စိတ်ထဲမှာ တစ်ခုခု လိုနေသလို ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေ အဲဒီပစ္စည်းဝတ္ထုလေး တစ်ခုခုများ ဖြစ်သွားတဲ့အခါ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲကို...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ