ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်…

ဘုန်းဘုန်းကို ဒကာမကြီးတစ်ယောက်က မေးဖူးပါတယ်။ ``အရှင်ဘုရား တပည့်တော်တို့မှာ အရမ်းဆင်းရဲတဲ့ အတွက် လှူဖို့မပြောနဲ့ တပည့်တော်တို့ စားဖို့တောင် အနိုင်နိုင်ကြိုးစား နေရပါတယ်။ ချမ်းသာတဲ့သူများ လှူနေတမ်းနေသလိုမျိုး မလှူနိုင်မတမ်းနိုင်တဲ့ တပည့်တော်တို့လို ဆင်းရဲသားများ ကုသိုလ်ရအောင် ဘယ်လိုလုပ်သင့်သလဲ… တပည့်တော်တို့ အခြေအနေမျိုးနဲ့ ကုသိုလ်ရစေ၊ ကုသိုလ်ဖြစ်စေတဲ့ နည်းများရှိရင် အမိန့်ရှိပေးပါ ဘုရား..``လို့ လျှောက်ဖူးပါတယ်။ ဘုန်းဘုန်းလည်း သူတို့လိုအခြေအနေဖြစ်နေတဲ့...

Read more »

အနှစ်ရှိသော ကြီးရင့်ခြင်း…

ကြီးရင့်ခြင်းဟူသည် ငယ်ရာမှ ကြီးလာခြင်း၊ နုရာမှ ရင့်လာခြင်းစသည်ကို ဆိုလို၏။ ထိုကြီးရင့်ခြင်းသည် သတ္တ၀ါများ၌ ဖြစ်သကဲ့သို့ သစ်ပင်များ၌လည်း ဖြစ်ပေါ်လေ့ရှိ၏။ လူသားတို့အပါအ၀င် သတ္တ၀ါအပေါင်းတို့သည် ငယ်ရာမှ ကြီးလာလေ့ရှိကြပြီး သစ်ပင်ပန်းမာလ်တို့သည်လည်း ငယ်ရာမှကြီးလာ၊ နုရာမှ ရင့်လာလေ့ရှိကြ၏။ ထိုသို့ ကြီးရင့်ခြင်းများ အသီးသီး ရှိကြသော်လည်း ကြီးရင့်သွားပုံခြင်း မတူညီကြပေ။ အချို့အနှစ်ရှိသော ကြီးရင့်ခြင်းဖြင့် ကြီးရင့်နေကြသော်လည်း အချို့မှာ အနှစ်မရှိ...

Read more »

အမေ… ပြီးတော့ ကာမေသု…

Q. ဘုန်းဘုန်း ဦးဝိစိတ္တဘုရား(၁) မိန်းကလေး တယောက်ကို သူ့မိခင်က ပြည့်တန်ဆာပွဲစားထံ ငွေလေးသိန်းခန့်နဲ့ ရောင်းချတာ တစ်ဖက်နိုင်ငံက မကောင်းတဲ့အိမ် ရောက်ပြီးမှ ကလေးမကို မြန်မာအချင်းချင်းကကယ်လို့ လွတ်မြောက်လာရပါတယ်။ ကလေးမက အမေက ဒီအဒေါ်ကြီးနဲ့ လိုက်သွားရမယ်လို့ အမေ ထည့်လိုက်လို့ လိုက်လာရပြီး ဘာမှ မသိကြောင်း၊ အိမ်က မထွက်ခင် ငွေလက်ခံယူနေတာ တွေ့လို့ မေးတော့လဲ သူ့ဆီက အမေ ရစရာရှိတဲ့ ပိုက်ဆံပါလို့ ပြောတယ်လို့ ပြောပါတယ်။ ဟိုအိမ်ရောက်တော့ ခိုင်းတာကို...

Read more »

ဆိုဖာပေါ်မှာအိပ်ခြင်းသည် ဥပုသ်ကျိုး၊ မကျိုး…

Q. အရှင်ဘုရားအရင်က တပည့်တော် ၈ ပါးသီလစောင့်ရင် ကြမ်းပေါ်မှာပဲ အိပ်ပါတယ်။ အခု လက်ရှိ နေတဲ့အိမ်မှာ အပျင်းထူပြီး အိပ်ခါနီး အိပ်ရာ မခင်းချင်တာနဲ့ အသင့်ရှိနေတဲ့ ဆိုဖာပေါ် တက်အိပ်ပါတယ်။ ဆိုဖာ ဝယ်တုန်းကလဲ ဥပုသ်စောင့်တဲ့အခါ ထိုင်လို့နေလို့ရအောင် သားရေဆိုဖာမဝယ်၊ မွှေးပွဆိုဖာ မဝယ်ပဲ ရိုးရိုးဆိုဖာထဲက အခင်း သိပ်မနူးညံ့ မပျော့ပျောင်းတာကို ရွေးဝယ်ပါတယ်။ ဒါပေမယ့် ဆိုဖာက ဆိုဖာပဲဆိုတော့ ကြမ်းပြင်ထက်တော့ နူးညံ့နေပါတယ်။ တပည့်တော် အိပ်ရတာ ဇိမ်ရှိလိုက်တာ...

Read more »

ရုပ်ဖောက်ပြန်ခြင်းကြောင့်လား… အောက်လမ်းပယောဂကြောင့်လား..

Q. ဘုန်းဘုန်းတပည့်တော် စိုင်းစိုင်း ရိုသေစွာ လျှောက်ထားမေးမြန်းပါသည်ဘုရား။ တပည့်တော် မေးလိုသည်မှာ ထေရဝါဒနှင့် ဆိုင်မဆိုင် သာသနာရေး မေးခွန်း ဟုတ်မဟုတ် မပြောတတ်သဖြင့် သီးခြားစာနှင့် လျှောက်ထားမေးမြန်းပါသည်ဘုရား။ တပည့်တော်သည် ကျန်းကျန်းမာမာကြီး နေလာရာကနေ ... နေထိုင်မကောင်းသလိုလို၊ မိမိမှာ ရောဂါဝေဒနာ တစ်ခုခု ရှိနေ၍ အားနည်းပျော့ခွေသလို ခံစားလာရပါသည်။ အမြဲ မူးဝေ ပျော့ခွေနေခြင်း၊ အပင်ပန်း မခံနိုင်ခြင်းများကြောင့် အလုပ်နှင့် ဘဝရပ်တည်ရေးပါ...

Read more »

ပြီးပြန်လေပြီ တစ်နှစ်… နီးပြန်လေပြီ တစ်ဆစ်…

မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်အရ ၁၃၇၀ပြည့်နှစ်မှ ၁၃၇၁ခုနှစ်သို့ ကူးပြောင်းခဲ့လေပြီ။ ၁၃၇၀ခုနှစ်ကား ကုန်ဆုံးသွားလေပြီ၊ ပြီးဆုံးသွားလေပြီ၊ ကျန်ခဲ့လေပြီပေါ့…။ စက္ကန့်တွေကို မိနစ်တွေကစား၊ မိနစ်တွေကို နာရီတွေကစား၊ နာရီတွေကို နေ့ရက်တွေကစား၊ နေ့ရက်တွေကို လတွေကစား၊ လတွေကို နှစ်တွေကစားနဲ့ တစ်ခုပြီးတစ်ခု စားသွားလိုက်တာ ခုတော့ တစ်နှစ်ကိုတစ်နှစ်က စားသွားခဲ့ပြန်ပြီလေ။ ၁၃၇၀ခုနှစ်ကို ၁၃၇၁ခုက အစားထိုးပြီး နေရာယူလိုက်တယ်ဆိုရင်လည်း မမှားဘူးပေါ့။ တစ်နည်းဆိုရရင်...

Read more »

နှစ်သစ်အတွက် ခွန်းဆက်ချွေခြင်း…

မင်္ဂလာပါ… ညီတို့ ညီမတို့ရေ…နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း… ဆုမွန်ကောင်းများ ချွေလိုက်ပါတယ်။အချိန်တွေဟာ သိပ်မြန်လွန်းတဲ့အတွက် တစ်နှစ်ကုန်သွားပြန်ပါပြီ။ ခဏလေးလို့ ထင်ရတယ်နော်… ကုန်သွားတဲ့ တစ်နှစ်မှာ ပြန်ပြီးစဉ်းစားကြည့်ရင် ပျော်ရွှင်စရာတွေ၊ စိတ်ညစ်စရာတွေ၊ အလိုမပြည့်တာတွေ စတဲ့ အကောင်းအဆိုး လောကဓံတွေနဲ့ ကျော်ဖြတ်ခဲ့ရတယ်ဆိုတာ လူတိုင်းပါပဲ…။ ပြီးတော့ အဲဒီကျော်ဖြတ်ခဲ့ရ တာတွေထဲမှာ ကုသိုလ်တွေများသလား… အကုသိုလ်တွေများသလား…လို့...

Read more »

လိမ်ညာစွပ်စွဲ သတင်းလွှင့်ခံရခြင်းများကို ကြုံတွေ့ရလျှင် မည်သို့ကျော်လွှားရမည်နည်း…

Q. ဘုန်းဘုန်းတပည့်တော် လိမ်ညာစွပ်စွဲ သတင်းလွှင့်ခံရခြင်းများကို ကြုံနေရပါသည်။ တပည့်တော် မပြောသည့် စကားများကို ပြောသည်ဟု ဇာတ်လမ်းဆင်ခံရခြင်း၊ တပည့်တော် ဘာမှ မနာလို မရှိခဲ့၊ မကောင်း မပြောခဲ့ဖူးသူများအပေါ် မနာလို ဖြစ်သည်၊ မကောင်းပြောသည်ဟု ကြားလူများက လိမ်ညာသတင်း လွှင့်ခံရခြင်းများ ကြုံရပါသည်။တပည့်တော် ငါးပါးသီလကို ခါးဝတ်ပုဆိုးသဖွယ် ကြိုးစားစောင့်ထိန်းလာသည်မှာ ၁၄ နှစ် ကျော်လာပြီ ဖြစ်ပါသည်။ ထိုသေးသိမ်သော စကားမျိုးများလည်း မပြောရရိုး...

Read more »

တံခါးများလုံပါစေ…

လူတို့နေထိုင်ရာ အဆောက်အဦကို အိမ်ဟုခေါ်ဆိုပြီး ထိုအိမ်တွင် တပ်ဆင်ထားသည့် အဖွင့်အပိတ်လုပ်၍ ရသည့်အပေါက်များကို တံခါးဟု ဆို၏။ အိမ်နေသူများ၏ အလင်းအမှောင်၊ လုံခြုံမှု၊ မလုံခြုံမှု စသည်များကို အိမ်၏တံခါးများက တစ်ထောင့်တစ်နေရာမှ ပံ့ပိုးပေးလျှက်ရှိ၏။ အိမ်တွင်းလိုအပ်နေသည့် အရောင်အလင်းများကို တံခါးများဖွင့်ပေးခြင်းဖြင့် ရယူနိုင်သကဲ့သို့ အိမ်အပြင်မှ ကျရောက်လာမည့် လေဒဏ်မိုးဒဏ်များကိုလည်း တံခါးများပိတ်ပေးခြင်းဖြင့် အထိုက်အလျောက် အကာအကွယ်ယူနိုင်၏။...

Read more »

အတွင်းရန်သူ…

မိမိကိုဒုက္ခပေးမည့်သူ၊ ရန်ရှာမည့်သူ၊ အန္တရာယ်ပြုမည့်သူကို ရန်သူဟု ခေါ်၏။ ထိုရန်သူသည် အတွင်းရန်သူနှင့် အပြင်ရန်သူဟု နှစ်မျိုးရှိ၏။ အပြင်ရန်သူသည် ရှောင်တိမ်းရန် လွယ်ကူသော်လည်း အတွင်းရန်သူသည် ရှောင်တိမ်းရန် ခက်ခဲလှ၏။ အတွင်းရန်သူသည် မည်သည့်နေရာတွင် မည်မျှလုံခြုံပါစေ ရှောင်ပုန်း၍ မရနိုင်ပေ။ အပြင်ရန်သူသည်ကား ထိုသူရှိသည့်နေရာမှ ရှောင်ရှားကွေကွင်း သွားနိုင်၏။ ထိုသူရှိသည့် အိမ်၊ ထိုသူရှိသည့် လမ်း၊ ထိုသူရှိသည့် ရပ်ကွက်၊ မြို့၊ ရွာ၊ တော၊ တောင်...

Read more »

စကား…

တစ်နေ့ ဘုန်းဘုန်းတစ်ပါးတည်း ဆရာဝန်ရက်ချိန်းပြည့်လို့ ဆေရုံးသွားပြတုန်းက ဆေးရုံမှာ ဆရာဝန်နဲ့တွေ့ဖို့ အကြာကြီး စောင့်လိုက်ရတဲ့ အဖြစ်နဲ့ကြုံခဲ့ရပါတယ်။ ပုံမှန်ဆိုရင် ရောက်ပြီးသိပ်မကြာဘူး ဆရာဝန်ကြီးနဲ့ တွေ့ခွင့်ရတတ်ပါတယ်။ အဲဒီနေ့က ဆရာဝန်းကြီးမှာ လူနာမကြည့်အားနိုင်သေးဘဲ ပြဿနာ ဖြေရှင်းပေးနေရတဲ့အတွက် အကြာကြီး စောင့်နေရခဲ့ရတာပါ။ အဲလိုစောင့်နေရတာကို အားနာတဲ့အတွက် သူနာပြုဆရာမလေး တစ်ယောက်က တောင်းပန်ရှာပါတယ်။ သူနာပြု ဆရာမလေး တစ်ယောက်နဲ့ လူနာစောင့်...

Read more »

ကြိုတင်၍ မသိနိုင်ပါသဖြင့်…

မှတ်မှတ်ရရ ထိုနေ့က စာရေးသူအပါအ၀င် စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား) အကျိုးဆောင် အဖွဲ့ဝင်များ ကျောင်းဖွင့်ပွဲအတွက် အစည်းအဝေး လုပ်သည့်နေ့ဖြစ်၏။ တိတိကျကျပြောရလျှင် ၁၄-၁၂-၂၀၀၈ ရက်နေ့ကဖြစ်၏။ သို့သော် ကျောင်းဖွင့်ပွဲပြုလုပ်မည့် ရက်ကိုအတိအကျ မသတ်မှတ်နိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် စာရေးသူ၏ ဥပစ္ဇျာယ်ဆရာတော်ကြီး ကျန်မာရေး အသဲအသန်ဖြစ်သဖြင့် မဖြစ်မနေ မြန်မာပြည်ပြန်ကြွရန် အကြောင်းပေါ်လာသောကြောင့်ဖြစ်၏။ ထို့ကြောင့် ``မြန်မာပြည်က...

Read more »

တရားအားထုတ်စဉ် ၀မ်းနည်းအားငယ် စိတ်များဖြစ်ပေါ်လာပါက ဘယ်လိုဆက်ရှုမှတ်သင့်ပါသလဲ..

Q. ဘုန်းဘုန်းတပည့်တော်ဟာ အလုပ်တစ်ဖက်နဲ့ တရားအားထုတ်ခြင်းကို တတ်နိုင်သမျှ ပြုနေသူ ဖြစ်ပါတယ်။ ယခု တပည့်တော် တရားကို နေ့စဉ် ရှုမှတ်သောအခါ ရံခါ ဝမ်းနည်းအားငယ်စိတ်များ ဝင်လာပါတယ်။ လောကီ လုပ်ငန်းတာဝန်တွေကို နောက်မှာထားပြီး တရားသာ မှတ်နေချင်စိတ်လဲ ဖြစ်တတ်ပါတယ်။ ပြည်တွင်းမှာတုန်းက မဟာစည်ရိပ်သာမှာ တရားအားထုတ်ခဲ့စဉ်က တရားပြ ဆရာတော် အမိန့်ရှိဖူးတာက တရားကို ရက်ရှည် စွဲမြဲအားထုတ်ရင် ရိပ်သာက ထွက်သွားပြီးသော်လည်း ရိပ်သာကို ပြန်လာချင်စိတ်၊ တရား...

Read more »

ဒီလိုဆက်ဆံကြည့်ပါ…

လောကမှာ လူတွေဟာ ပုံစံအမျိုးမျိုး၊ အကျင့်စရိုက် အမျိုးမျိုးရှိတဲ့ အတွက်ကြောင့် ဆက်ဆံပေါင်းသင်းရတာ အတော်ခက်တယ်လို့ ပြောလေ့ရှိတတ်ကြပါတယ်။ မတူညီတဲ့ ပတ်ဝန်းကျင်၊ မတူညီတဲ့ ဘာသာစကား၊ မတူညီတဲ့ ယဉ်ကျေးမှု၊ မတူညီတဲ့ စရိုက်စတဲ့ အချက်တွေကြောင့် ကိုယ်နဲ့အ်ံဝင်ခွင်ကျ မဖြစ်ဘဲရှိတတ်တယ်လို့ ပြောကြပါတယ်။ ကိုယ့်ကိုယ်ကိုရော အံဝင်ခွင်ကျဖြစ်ရဲ့လား… စိတ်တိုင်းကျ ဖြစ်ရဲ့လား… လို့ ပြန်မေးကြည်ရင်လည်း မဖြစ်ပြန်ပါဘူးတဲ့… အဲဒါဆို ဘယ်လိုလုပ်ကြမလဲပေါ့…။ ထားပါတော့။...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ