ကောင်းမှုအစု ကြိုးစားပြုလော့ ...


ကောင်းမှုအစု ကြိုးစားပြုလော့..

ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ
ဓမ္မတာတည်း။

သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘ၀၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။


မှတ်ချက်။ ဇီဝိတံ ဗျာဓိကာလော စ၊ ဒေဟနိက္ခေပနံ ဂတိ။ ပဉ္စေ တေ ဇီဝလောကသ္မိံ အနိမိတ္တာ န နာယရေ။ ဟူသော ပါဠိကို ကိုးကားရေးပါသည်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ