မြန်မာပြည်တွင် ရှိနေသည်။

မြန်မာပြည်တွင် ရှိနေသည်။ရေးစရာတွေ ရှိနေပမယ့် လုပ်စရာတွေ ပိနေတဲ့အတွက်မရေးအား၊ မတွေးအားတဲ့အပြင် အင်တာနက်ကိုလည်း အလေးမထားနိုင်ဘဲ ဖြစ်နေသည်။အလေးထားဖို့ တွန်းအားပို့ပေမယ့် မတွန်းနိုင်တဲ့ အင်တာနက် speedကြောင့် မကြည့်နိုင်ဘဲ မသိမသာပဲ ထားနေခဲ့ရသည်။ခုတောင်မှ လူခြေတိတ်ချိန်မို့ မခို့တရို့နဲ့ ပို့နိုင်သလောက် ဟိုပို့ဒီပို့လုပ်ရင်း အင်တာနက် စာဖတ်ပရိတ် သတ်တွေကို အရိပ်အမြွက် နှုတ်ခွန်းဆက်လိုက်ရခြင်း ဖြစ်သည်။ပြည်တော်ကထွက်ပြီး အပြန်ခရီးဆိုရင်တော့...

Read more »

လေတိုက်တိုင်းသာ ယိမ်းနေကြမယ်ဆိုရင်ဖြင့်

တစ်လောက နိုင်ငံခြားမှာနေထိုင် အလုပ်လုပ်နေတဲ့ အစ်မတစ်ယောက်ဆီက ဖုန်းဝင်လာပါတယ်။ ဖုန်းကိုင်လိုက်တော့ သူ့အသံကို သဲသဲကွဲကွဲ မကြားရဘဲ ရှိုက်ကြီးတစ်ငင် ငိုနေတဲ့ အသံကိုပဲ ဆက်တိုက်ကြားနေခဲ့ပါတယ်။ သိပ်ခံစားနေရတဲ့ သဘောရှိတဲ့အတွက် ငိုသံလေးနည်းနည်း တိတ်သွားအောင် ဖုန်းကိုင်ပြီး စောင့်နားထောင်လိုက်ပါတယ်။ အားရပါးရ ငိုပြီးတော့မှ သူ့အသံက နည်းနည်း ပြန်ထွက်လာပါတယ်။ ဘာဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ ဘာကြောင့် ဒီလောက်တောင် ခံစားနေရတာလဲ စသဖြင့် မေးခွန်းတွေ...

Read more »

သေမှာ မကြောက်ကြသူများ

ဤလောက၌ ပုထုဇင် ပုဂ္ဂိုလ်သတ္တ၀ါ မှန်သမျှသည် သေရမည်ကို ကြောက်ကြ၏။ ထို့ကြောင့်လည်း သေရမည့်ဘေးနှင့် ကြုံကြသည့်အခါ လွတ်ရာလမ်းကို နည်းအမျိုးမျိုးဖြင့် ကြိုးစားရှာဖွေကြခြင်း ဖြစ်၏။ အသက်ရှင်အောင် နည်းအမျိုးမျိုးဖြင့် အားထုတ်ကြ၏။ သေဘေးနှင့် မကြုံရအောင် အသက်ရှင် ရပ်တည်နိုင်ရေး နည်းလမ်းကို ရှာဖွေကြ၏။ အစာမစားလျှင် သေရမည်ကို ကြောက်ကြသဖြင့် အစာစားကြ၏။ ရေမသောက်လျှင် သေမည်စိုးသဖြင့် ရေသောက်ကြ၏။ ရောဂါကြောင့် သေမည်ကို ကြောက်ကြသဖြင့် ရောဂါမဖြစ်အောင်၊...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ