ကပ်ပြီးရင် မကိုင်နဲ့…ဗုဒ္ဓဘာသာ မြန်မာများရဲ့ အိမ်တွေမှာ ဆွမ်းစားပင့်လို့ ကြွရောက်တဲ့အခါ ဆွမ်းကပ်ပြီးတာနဲ့ မကြာမကြာ ကြားရတဲ့ စကားတစ်ခွန်းက “ဟဲ့…ဟဲ့… ကပ်ပြီးရင် မကိုင်နဲ့တော့၊ ကိုင်လို့မရတော့ဘူး..”ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဘာဖြစ်လို့ဆိုတဲ့ တိကျတဲ့ အကြောင်းပြချက်မရှိဘဲ ကြားဖူးနားဝနဲ့ တစ်လွဲနားလည် အသုံးပြုနေကြသလို ဖြစ်နေပါတယ်။ ဆွမ်းကပ်ပြီးမှကိုင်ရင် အကပ်ပျက်ပြီး သံဃာတော်များ မဘုဉ်းပေးရမှာ စိုးလို့လား၊ ကပ်ပြီးမှကိုင်ရင် ၀ိနည်းတော်အရ...