
မှတ်မှတ်ရရ အဲဒီနေ့က ၁၅-၁-၂၀၁၂ရက်နေ့ ဘုန်းဘုန်းရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ မွေးနေ့အလှူအဖြစ် သီရိဓမ္မာ သီလရှင်စာသင်တိုက်နဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ရခိုင်ပြည်နယ် ကျောင်းဆောင်မှာ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာ ပစ္စည်းလေးပါး ဒကာမတစ်ဦးက မွေးနေ့အထိမ်းအမှတ်အဖြစ် ရွှေတိဂုံဘုရားကြွဖို့ လာပင့်တာနဲ့ လိုက်သွားဖြစ်ပါတယ်။...