မရှိမကောင်း၊ ရှိမကောင်း (သို့) မရှိမကောင်း ရှိမှကောင်း…

စည်းစိမ်ဥစ္စာတွေ၊ ရာထူးဌာနန္တရတွေ၊ အသုံးအဆောင် ပစ္စည်းဝတ္ထုတွေဟာ လူတွေအတွက် လိုအပ်တဲ့ အရာတွေ ဖြစ်ပါတယ်။ ရှိထားရင်ကောင်းသလို အသုံးလည်းတည့်ပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဒီအရာတွေကြောင့်ပဲ လူတွေမှာ မကောင်းတာတွေ ဖြစ်ပေါ်နေပြီး ဒုက္ခတွေ ထပ်တိုးနေတာတွေလည်း ရှိနေပြန်ပါတယ်။ ပစ္စည်းဥစ္စာတွေဆိုတာ ရှိထားရင် ဘဝမှာ နေရထိုင်ရာတာ သက်သောင့်သက်သာ ရှိတတ်ပေမယ့် ရှိလာရင်လည်း ရှိတဲ့အလျောက် ပူရပင်ရ၊ စိုးရိမ်ကြောင့်ကြ နေရတတ်ပြန်ပါတယ်။ သိပ္ပံပညာများ တိုးတက်လာတာနဲ့အမျှ...

Read more »

လုံအောင်မိုးထား စိတ်၊ အိမ်များ…

“မကောင်းသဖြင့် မိုးထားအပ်သည့် အိမ်ကို မိုးရေသည် ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့ဘာဝနာဖြင့် ကောင်းစွာထုံလွှမ်းထားခြင်း မရှိသည့် စိတ်ကို ရာဂသည် ထိုးဖောက်ဝင်ရောက်နိုင်၏”(ဂေါတမမြတ်စွာဘုရား)တစ်ခါက ရန်ကုန်မှ တိုက်ကြီးသို့ တရားဟောကြွစဉ် လမ်းဘေးကျေးရွာများရှိ ဆောက်လက်စ၊ မိုးလက်စ အိမ်လေးများကိုကြည့်ကာ အတွေးပွားခဲ့ဖူး၏။ တရားဟောစဉ်မှာလည်း ထိုအတွေးစလေးများကို ထည့်သွင်းဟောကြား ပေးခဲ့ဖူး၏။ တွေးမိခဲ့သည့် အတွေးစလေးများမှာ အိမ်များအကြောင်းပင် ဖြစ်၏။...

Read more »

နမော တဿနဲ့ ဗုဒ္ဓဘာသာ…

“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ ပါဠိစကားတော်ကို ဗုဒ္ဓဘာသာများ ရင်းနှီးပြီးသား၊ ရဖူးပြီးသား ဖြစ်ကြပါတယ်။ အထူးသဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရားရှိခိုးတိုင်း၊ ဘာသာရေး အခမ်းအနားများရှိတိုင်း ရွတ်ဆိုအသုံးပြု နေကြသလို ဘာသာရေး စာအုပ်များရဲ့ အဖွင့်စာမျက်နှာများမှာလည်း အမြဲတမ်း ရေးသားအသုံးပြုလေ့ ရှိတတ်ကြပါတယ်။ ဒါကြောင့် ဒီစကားတော်ဟာ ဗုဒ္ဓဘာသာတွေအတွက် လူတိုင်းနီးပါး ရနေတဲ့ စကားတော်လို့ ဆိုခြင်းဖြစ်ပါတယ်။...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ