တစ်ခါက ဒကာလေးတစ်ချို့ ပြောနေသံလေးတွေကို ကြားခဲ့ရပါတယ်။ သူတို့ထဲက တစ်ယောက်က “ဒီမှာ ကိုယ့်လူတို့ ယောက်ျားဆိုတာ အသောက်အစား၊ လောင်းကစားနဲ့ မိန်းမလိုက်စားတာ သုံးမျိုးမှာ တစ်ခုခုတော့ ၀ါသနာပါမှကွ၊ ဒါမှ ယောက်ျားပီသတာ၊ အဲဒါတွေ မလုပ်ဘူးဆိုရင် ဘာလုပ်မလဲ၊ အခြောက်လား…၊ ဒါမှမဟုတ် ယောက်ျားအချင်းချင်းကို ပြန်ကြိုက်မှာလား…”လို့ ပြောလိုက်သံကို ထူးထူးခြားခြား ကြားလိုက်ရပါတယ်။ ဒီတော့ တစ်ယောက်က “ဟုတ်လား… အဲဒါဆိုရင် ဒီသုံးမျိုးလုံး ၀ါသနာပါတဲ့သူဆိုရင်...