“အရှင်ဘုရား… အရှင်ဘုရားတပည့်တော့ ဆုံးသွားပြီ ဘုရား”ဆိုတဲ့ သတင်းနဲ့အတူ မြန်မာပြည်မှာရှိတဲ့ ရဟန်းဒကာမကြီး တစ်ယောက်ဆီက ဖုန်းဝင်လာပါတယ်။ ဒီသတင်း နားထောင်ပြီး အစကတည်းက ဒီတပည့်တစ်ယောက် အနှေးနဲ့အမြန် သွားတော့မယ်ဆိုတာ သိထားတော့ သိပ်မအံ့သြမိပါဘူး။ အံ့သြမိတာက အပြောင်းအလဲမြန်တဲ့ သေခြင်းတရားနဲ့ အပျောက်အပျက်မြန်တဲ့ စည်းစိမ်ဥစ္စာတွေရဲ့ အချိန်မရွေး သေဆုံးပျောက်ပျက်တတ်တဲ့ သဘောကိုပါပဲ။ ဒီတပည့်လေးနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာရှိတဲ့အချိန် ကျောင်းမှာရဟန်းခဏ...