နဲနဲလေးတော့ လွဲနေတယ် (၈)...

ဆင်းတုတော်နဲ့ နေ့သစ်နံသစ်…ဗုဒ္ဓဘာသာများရဲ လွဲတတ်တဲ့၊ လွဲနေတဲ့ အလွဲလေးတွေ ထုတ်ပြရာမှာ ဒီတစ်ခါတော့ ရုပ်ပွားဆင်းတုတော် ထုလုပ်ကိုးကွယ်တာနဲ့ ပတ်သက်တဲ့ အလွဲလေးတစ်ခု ပြောဖို့လိုလာပြန်ပါတယ်။ ဒီနေ့ခေတ်မြန်မာများဟာ ရုပ်ပွားဆင်းတုတော်ကို ကိုယ်ကိုယ်တိုင် ကိုးကွယ်ပူဇော်လိုလို့ ထုလုပ်ကိုးကွယ်တာတွေ ရှိသလို ဗေဒင်ဆရာတွေရဲ့ ညွန်ကြားမှုကြောင့် ထုလုပ်ကိုးကွယ်တာလည်း ရှိပါတယ်။ တစ်ချို့က ဘုရားဆင်းတုတော် ထုလုပ်ကိုးကွယ်တာကို ကိုယ်ကဘယ်နေ့သား၊ ဘယ်နေ့သမီးဖြစ်လို့...

Read more »

အစာမကြေတာတွေ များလာရင်ဖြင့်…

အစာမကြေဖြစ်တယ်ဆိုတဲ့ စကားကို အစားအသောက်တွေနဲ့ ပတ်သက်လို့ ပြောဆိုသုံးနှုံးကြတာ ရှိသလို ဒီနေ့ခေတ်မှာတော့ အဲဒီစကားလုံးကို တစ်ခြားအဓိပ္ပါယ်တစ်မျိုးနဲ့ သုံးလာတာလည်း ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား ဖြစ်ပေါ်တတ်တဲ့ မကျေနပ်ချက်လေးတွေ၊ သဘောမကျတာလေးတွေ၊ စိတ်ထဲမှာ မျက်နေတာလေးတွေကိုလည်း အစာမကြေဖြစ်တယ်လို့ ပြောဆိုလာတာကို တွေ့ရပါတယ်။ “သူ မင်းကို အစာမကြေဖြစ်နေတယ်၊ မင်း..ငါ့အပေါ် ဘာအစာမကြေ ဖြစ်လို့လဲ..”စသဖြင့် ပြောဆိုသုံးနှုန်းလာတာ ကြားရတတ်ပါတယ်။...

Read more »

အားကိုးမလွဲစေချင်…

ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ ဒကာမကြီး တစ်ယောက်ရှိပါတယ်။ ဒီဒကာမကြီးက သားသမီး အတော်ကံကောင်းပါတယ်။ အားလုံး လိမ္မာရေးခြားရှိတဲ့ သားသမီးတွေချည်းပါပဲ။ သားသမီးတွေက မိဘကျေးဇူးကို သိတတ်တဲ့ သားသမီးတွေ၊ ပညာတတ်တဲ့ သားသမီးတွေပဲ ဖြစ်နေလေတော့ ဒကာမကြီးရဲ့ ဘ၀မှာ ဘာမှကို လိုလေသေးမရှိ အကုန်ပြည့်စုံနေပါတယ်။ ဒါပေမယ့် ကုသိုလ်ရေးတွေမှာ ၀ါသနာမပါတာကတော့ ဒကာမကြီးရဲ့ အကြီးမားဆုံး လိုအပ်ချက်တစ်ခုပါပဲ။ တစ်ခါတစ်လေ ဒကာမကြီးနဲ့တွေ့ရင် ဘုန်းဘုန်းက ဒကာမကြီး အသက်အရွယ်...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ