ဗောဓိပက္ခိယ…

Q. အရှင်ဘုရား…ဗောဓိပက္ခိယရဲ့ အဓိပ္ပါယ်၊ ဗောဓိပက္ခိယတရားများရဲ့ အရေအတွက်နဲ့ မြန်မာလိုအဓိပ္ပါယ်များကို သိလိုပါတယ်။ တပည့်တော်တို့ နားလည်အောင် ရှင်းပြပေးစေလိုပါတယ်ဘုရား..ရိုသေစွာဖြင့်(ဒေါက်တာနီနီ)A. ဗောဓိပက္ခယရဲ့ ပါဠိတိုက်ရိုက်အဓိပ္ပါယ်ကို ဗောဓိ၊ ပက္ခ၊ ဣယလို့ ပုဒ်ခွဲပြီး ဗောဓိ- သစ္စာလေးပါးကို သိတတ်သော မဂ်ဉာဏ်၊ ပက္ခ- အသင်းအပင်း၊ ဣယ-ဖြစ်ခြင်းလို့ အသီးသီး အဓိပ္ပါယ်ရကာ ဗောဓိဉာဏ်၏ အသင်းအပင်းဖြစ်သော တရားများလို့ နားလည်နိုင်ပါတယ်။ အလွယ်နားလည်အောင်...

Read more »

ဂုဏ၀န္တေ ပဿန္တိ ဇနာ…

``ဂုဏ၀န္တေ ပဿန္တိ ဇနာ`` ဒီစာကြောင်းလေးကို ဂုဏ်ရှိမှ လူမြင်၏လို့ တိုက်ရိုက်အဓိပ္ပါယ် ယူနိုင်ပါတယ်။ ခတ်ရိုင်းရိုင်းပြောရရင် အမြီးရှည်မှ လူရာဝင်တယ်၊ လူအထင်ကြီးတယ်လို့ အလွယ်နားလည်နိုင်ပါတယ်။ အားလုံးသိတဲ့အတိုင်း ခေတ်ကာလ အနေအထားအရ လူတွေဟာ များသောအားဖြင့် တစ်ဦးနဲ့တစ်ဦး ကြည့်တဲ့အခါ၊ ဆက်ဆံတဲ့အခါ ဒီဂုဏ်တွေကို ကြည့်ပြီးဆက်ဆံ ပြောဆိုနေကြတာကို တွေ့ရပါတယ်။ ယနေ့ခေတ်လူတွေ အထင်ကြီး သတ်မှတ်ကြတဲ့ ဂုဏ်တွေကတော့ ပညာဂုဏ်၊ ရာထူးဂုဏ်၊ ငွေဂုဏ်စတာတွေ ပါပဲ။...

Read more »

အရှင်အာနန္ဒာနှင့် စပ်လျဉ်း၍…

Q. ဘုန်းဘုန်းဘုရား…အရှင်အာနန္ဒာဟာ ဗဟုသုတအရာ၊ သတိမမေ့သည့်အရာ၊ ပညာလျင်သည့်အရာ၊ လုံ့လရှိသည့်အရာ၊ အလုပ်အကျွေးကောင်းအရာ ဧတဒဂ်ငါးခု ရတယ်လို့ ဘုန်းဘုန်းပို့စ်မှာ ဖတ်ရပါတယ်။ (၁) ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာနဲ့ လုံ့လဧတဒဂ်ရတဲ့ အရှင်သောဏတို့နဲ့ အရှင်အာနန္နာရတဲ့ ဧတဒဂ် ဘယ်လို ကွာပါသလဲဘုရား။ (၂) ဒီလောက် ဥာဏ်ကြီးတဲ့ အရှင်အာနန္ဒာဟာ မြတ်စွာဘုရားကို လုပ်ကျွေးချင်လို့ သောတာပန် ဘဝမှာပဲ ဆက်နေတာလား၊ အထက်မဂ်တွေရအောင် အားမထုတ်ဘဲ ရပ်ထားတာလား ရှင်းပြစေလိုပါတယ်ဘုရား။...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ