Q. ဆရာတော်ဘုရား…အရဟံဂုဏ်တော်ကို အဓိပ္ပါယ် ငါးမျိုးဖွင့်လို့ ရသည်ဟု သိရပါသည်ဘုရား… တပည့်တော်ကို ရှင်းပြပေးစေချင်ပါသည် ဘုရား…(လင်း)A. အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ငါးမျိုးမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။၁။ အရဟံ = မြတ်စွာဘုရားရှင်သည် အလုံးစုံသော ကိလေသာတို့မှ ကင်းစင်တော်မူသည်၏ အဖြစ်ကြောင့် အရဟံ ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။၂။ အရဟံ = မြတ်စွာဘုရားရှင်သည် သံသရာစက်လည်ပတ်မှု အကန့်အထောက်တို့ကို ဖျက်ဆီးတော်မူပြီးသည်၏ အဖြစ်ကြောင့်...