အထင်အမြင် သေးခံရတတ်သူ (၅) ယောက်
၁။ ပစ္စည်းဥစ္စာပေးကမ်းပြီးလျှင် လူပုံအလယ်၌ မိမိကိုယ်ကို ကြွားဝါစွာ ဂုဏ်ဖော်တတ်သူ
၂။ ရည်နှီးစွာပေါင်းသင်းပြီး၍ အရည်အချင်းမရှိသူမှန်း အသိခံရသူ
၃။ သူတစ်ပါးပြောစကားကို ယုံကြည်လွယ်သူ
၎။ ခုချစ်ခုမုန်းစသည် အပြောင်းအလဲမြန်သူ
၅။ လျှပ်ပေါ်လော်လည်၍ ကိုယ်ပိုင်အတွေးအခေါ် အသိဉာဏ် ညံ့ဖျင်းသူ
(ပဉ္စင်္ဂုတ္တရပါဠိ၊ ၁၄၅၊ ဋ္ဌ၊ ၅၀)
(တစ်နည်း) သူတစ်ပါးတို့ မရိုသေမလေးစား မထေမဲ့မြင် ပြောဆို ပြုလုပ်ခံရသူ (၁၀) ယောက်
၁။ ၀ိဓ၀ါ- လင်မရှိသူ မိန်းမ
၂။ ဒုဗ္ဗလ- အင်အားဗလမရှိသူ
၃။ အမိတ္တဉာတိ- ဆွေမျိုးမိတ်ဆွေမရှိသူ
၎။ မဟဂ္ဃသ- အစားကြူးသူ
၅။ ဂရုကာဗာဓ- ကြီးသောရောဂါ ရှိသူ
၆။ ပါပမိတ္တ- မကောင်းသောမိတ်ဆွေရှိသူ
၇။ ဓန ဟီန- ပစ္စည်းဥစ္စာမရှိသူ
၈။ အာစာရ ဟီန- အကျင့်ယုတ်သူ
၉။ ကမ္မဟီန- အလုပ်မရှိ ပျင်းရိသူ
၁၀။ ပယောဂဟီန- လုံလပယောဂချို့တဲ့သူ
(ပုဂ္ဂလပညတ်ပါဠိ၊ ၁၇၄)