အထင်အမြင် သေးခံရ၊ မရိုသေမလေးစား မထေမဲ့မြင် ပြောဆို ပြုလုပ်ခံရတတ်သူများ...

အထင်အမြင် သေးခံရတတ်သူ (၅) ယောက်
၁။ ပစ္စည်းဥစ္စာပေးကမ်းပြီးလျှင် လူပုံအလယ်၌ မိမိကိုယ်ကို ကြွားဝါစွာ ဂုဏ်ဖော်တတ်သူ
၂။ ရည်နှီးစွာပေါင်းသင်းပြီး၍ အရည်အချင်းမရှိသူမှန်း အသိခံရသူ
၃။ သူတစ်ပါးပြောစကားကို ယုံကြည်လွယ်သူ
၎။ ခုချစ်ခုမုန်းစသည် အပြောင်းအလဲမြန်သူ
၅။ လျှပ်ပေါ်လော်လည်၍ ကိုယ်ပိုင်အတွေးအခေါ် အသိဉာဏ် ညံ့ဖျင်းသူ
(ပဉ္စင်္ဂုတ္တရပါဠိ၊ ၁၄၅၊ ဋ္ဌ၊ ၅၀)

(တစ်နည်း) သူတစ်ပါးတို့ မရိုသေမလေးစား မထေမဲ့မြင် ပြောဆို ပြုလုပ်ခံရသူ (၁၀) ယောက်
၁။ ၀ိဓ၀ါ- လင်မရှိသူ မိန်းမ
၂။ ဒုဗ္ဗလ- အင်အားဗလမရှိသူ
၃။ အမိတ္တဉာတိ- ဆွေမျိုးမိတ်ဆွေမရှိသူ
၎။ မဟဂ္ဃသ- အစားကြူးသူ
၅။ ဂရုကာဗာဓ- ကြီးသောရောဂါ ရှိသူ
၆။ ပါပမိတ္တ- မကောင်းသောမိတ်ဆွေရှိသူ
၇။ ဓန ဟီန- ပစ္စည်းဥစ္စာမရှိသူ
၈။ အာစာရ ဟီန- အကျင့်ယုတ်သူ
၉။ ကမ္မဟီန- အလုပ်မရှိ ပျင်းရိသူ
၁၀။ ပယောဂဟီန- လုံလပယောဂချို့တဲ့သူ
(ပုဂ္ဂလပညတ်ပါဠိ၊ ၁၇၄)

Read more »

ကျောင်းဖွင့်ပွဲဖိတ်ကြားခြင်း

ကျောင်းဖွင့်ပွဲဖိတ်ကြားခြင်း
`စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း(ကိုရီးယား)`၏ ကျောင်းဖွင့်ပွဲနှင့် ကျောင်းတက်ပွဲ အခမ်းအနားကို ရွှေမြန်မာအများ အားလပ်ရက်ဖြစ်သည့် ကိုရီးယားနှစ်သစ်ကူး ပိတ်ရက်တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကျောင်းအလှူရှင်များနှင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၆-၁-၂၀၀၉ (တနင်္လာနေ့)
ဧည့်ခံကျွေးမွေးချိန် = နံနက် ၉ နာရီမှ ၁၂ နာရီအထိ
အခမ်းအနားကျင်းပချိန် = နေ့လည် ၁ နာရီမှ ၃ နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂု၊ ဒါးလ်ဆောဂု၊ ရှင်းဒါန်းဒုံ၊ ၀ါးလျုံးရှီဂျန်းအနီး)

မှတ်ချက်။ ။ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်တို့အား ကြက်သားပလာတာဖြင့် ကျွေးမွေးဧည့်ခံပါမည်။


Read more »

ဗုဒ္ဓဘာသာမဟုတ်သည့်သူများ မြင့်မြတ်သည့်ဘုံသို့ ရောက်နိုင်၊ မရောက်နိုင်…

Q. အရှင်ဘုရား ဗုဒ္ဓဘာသာဝင်မဟုတ်သည့် အခြားသော ကိုးကွယ်သည့် လူးများအနေဖြင့် နိဗ္ဗာန် မဟုတ်တောင် မြင့်မြတ်သောဘုံသို့ ရောက်ရှိနိုင်ပါသလား အရှင်ဘုရား..
(ဒကာလေး)


A. ရောက်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးကိုပေးခြင်း၊ မကောင်းတာလုပ်ရင် မကောင်းတဲ့ အကျိုးပေးခြင်း ဆိုတဲ့ ကမ္မနိယာမ- ကံရဲ့သဘောမှာ ဗုဒ္ဓဘာသာဝင် ဖြစ်လို့ ကောင်းတဲ့ ဘုံရောက်တယ်၊ ဗုဒ္ဓဘာသာဝင် မဟုတ်လို့ မကောင်းတဲ့ ဘုံရောက်ရတယ်ဆိုတဲ့ ခွဲခြားပြီး အကျိုးပေးမှု မရှိပါဘူး။ ဘယ်သူမဆို ကောင်းတာလုပ်ရင် ကောင်းတဲ့တန်ပြန်သက်ရောက်မှု မကောင်းတာလုပ်ရင် မကောင်းတဲ့ တန်ပြန်သက်ရောက်မှုကို ခံရမှာဖြစ်ပါတယ်။ ကိုယ်အမှုအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာဆိုတဲ့ ကံသုံးပါးကို ကောင်းအောင်စောင့်ထိန်းမယ်ဆိုရင် ဘာသာဝင်မခွဲခြားဘဲ ထပ်တူထပ်မျှ အကျိုးခံစားရမှာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင် မဟုတ်ပေမယ့် ကိုယ့်ကျင့်တရားလုံခြုံ နေမယ်၊ ကံသုံးပါးကို ကောင်းအောင်လုပ်နေမယ်ဆိုရင် ဒကာလေးပြောသလို မြင့်မြတ်တဲ့ ဘုံဘ၀ကို ရောက်နိုင်ပါတယ်။ အဓိကကတော့ ကိုယ်လုပ်တဲ့ ကံကိုယ်ပြန်ခံရမှာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ