Showing posts with label လစဉ်ဟောကြား မြတ်တရား. Show all posts
Showing posts with label လစဉ်ဟောကြား မြတ်တရား. Show all posts

လစဉ်ဟောကြား မြတ်တရား (၅)

မျှော်လင့်ချက်ထား မိဘများဘုန်းဘုန်းတို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းရဲ့ တစ်လတစ်ကြိမ် တရားပွဲနဲ့ ရွှေမြန်မာတွေ့ဆုံပွဲကို ဒီလမှာလည်း ထုံးစံအတိုင်း ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ အခြေအနေရ မူလသတ်မှတ်ထားတဲ့ရက်ထက် တစ်ပတ်စောပြီး ၁၉-၆-၂၀၁၁၊ တနင်္ဂနွေနေ့မှာ ကျင်းပဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ကွယ်လွန်သွားတဲ့ ဖခင်ကြီး ဦးတင်ဝင်းကို ရည်စူးပြီး သားဖြစ်သူ ကိုဇော်ဇော်အောင်တင်ဝင်းက ဘုရားအမှူးရှိတဲ့ သံဃာတော်နဲ့ ဧည့်ပရိတ်သတ်အပေါင်းကို ကျောင်းအကျိုးဆောင်အဖွဲ့များနဲ့...

Read more »

လစဉ်ဟောကြား မြတ်တရား (၄)

အဟောင်းလည်းစား အသစ်လည်းပွားလစဉ်ကျင်းပ ပြုလုပ်လာခဲ့တဲ့ တစ်လတစ်ကြိမ် အထူးတရားပွဲနဲ့ ရွှေမြန်မာတွေ့ဆုံပွဲကို ဒီလမှာလည်း ၂၂-၅-၂၀၁၁ရက်၊ တနင်္ဂနွေနေ့မှာ အစဉ်မပြတ် ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ အလှူပွဲဆက်တွေ များတဲ့အခါ တနင်္ဂနွေနေ့တွေမှာတောင် အလုပ်ဆင်းနေရတဲ့ သူတွေအတွက် ပင်ပန်းပြီး မအားမလပ်ဖြစ်မှာဆိုးလို့ တနင်္ဂနွေနေ့တိုင်း မလုပ်ဘဲ တစ်လတစ်ခါလောက် လုပ်ကြဖို့ စီစဉ်ထားပေမယ့် အခုလမှာတော့ မထင်မှတ်တဲ့ နာရေးပွဲတွေက ပေါ်လာခဲ့တဲ့အတွက် တနင်္ဂနွေနေ့တိုင်းလိုလို...

Read more »

လစဉ်ဟောကြား မြတ်တရား (၃)

အနှစ်ထုတ်ယူ စွမ်းတဲ့သူတစ်လတစ်ကြိမ် အထူးကျင်းပ ပြုလုပ်ပေးဖြစ်နေတဲ့ လစဉ်တရားပွဲနဲ့ ရွှေမြန်မာ ဆုံညီပွဲကို လေးလပိုင်းမှာလည်း ပုံမှန်အတိုင်း ကျင်းပပြုလုပ် ဖြစ်ခဲ့ပါတယ်။ ဒီလမှာတော့ မြန်မာ့နှစ်သစ်ကူးလည်း ရှိနေတဲ့အတွက် နှစ်သစ်ကူးအလှူပွဲ ကျင်းပမယ့်ရက်နဲ့ အချိန်ကိုက်ယူပြီး ၁၇-၄-၂၀၁၁၊ တနင်္ဂနွေနေ့၊ ၁၃၇၃ခုနှစ်ရဲ့ မြန်မာ့နှစ်ဆန်း တစ်ရက်နေ့မှာပဲ လစဉ်တရားပွဲ၊ နှစ်ဦးအလှူပွဲ၊ ဇီဝိတဒါနပွဲစတဲ့ ခေါင်းစဉ်များနဲ့ အထွေထွေ ကုသိုလ်ပွဲအဖြစ် ကျင်းပဖြစ်ခဲ့ပါတယ်။...

Read more »

လစဉ်ဟောကြား မြတ်တရား (၂)

အကောင်းဆုံးဘဝ အရတော်ကြပါစေ လစဉ်ပြုလုပ်လာခဲ့တဲ့ တရားပွဲနဲ့ ရွှေမြန်မာတွေ့ဆုံပွဲမှာ (၃)လပိုင်းရဲ့ တရားပွဲကို ပြီးခဲ့တဲ့ ၂၇-၃-၂၀၁၁ရက်၊ တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာလည်း ထုံးစံအတိုင်း တရားခေါင်းစဉ်လေး တစ်ခုပေးပြီး ဓမ္မလက်ဆောင်အဖြစ် ဟောကြား ချီးမြှင့်ပေးဖြစ်ခဲ့ပါတယ်။ တရားနာပရိတ်သတ် အများစုဟာ လူငယ်အမျိုးသားတွေပဲ ဖြစ်နေတဲ့အတွက် ဒီပရိတ်သတ်နဲ့ ကိုက်ညီမယ့် တရားတော်နဲ့ ဟောကြားမယ့် အကြောင်းအရာကိုလည်း ဘုန်းဘုန်းအနေနဲ့ ကြိုတင်စဉ်းစားရပါတယ်။...

Read more »

လစဉ်ဟောကြား မြတ်တရား (၁)

ဘာအကောင်းဆုံးလဲ ဘုန်းဘုန်းတို့ ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းမှာ လစဉ်တစ်လတစ်ကြိမ် တရားပွဲများနဲ့ ရွှေမြန်မာတွေ့ဆုံပွဲများကို ဒီနှစ် ၂၀၁၁ခုနှစ် (၂)လပိုင်းကစပြီး ကျောင်းအကျိုးဆောင် ဒကာတော်များရဲ့ ဦးဆောင်မှုနဲ့ လစဉ်ကျင်းပ ပြုလုပ်လာဖြစ်ခဲ့ပါတယ်။ အရင်တုန်းက သီးသန့်သတ်မှတ်ချက် မရှိဘဲ အခြေအနေအရ သာရေးနာရေးပွဲများ လုပ်ဖြစ်ခဲ့ကြပေမယ့် အခုလို သတ်သတ်မှတ်မှတ်လေး လုပ်ဖြစ်ဖို့ကတော့ ဒီနှစ်မှ စလုပ်ဖြစ်ကြတာ ဖြစ်ပါတယ်။...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ