Showing posts with label ဓမ္မရသစာစုများ. Show all posts
Showing posts with label ဓမ္မရသစာစုများ. Show all posts

ပြောချင်သူတွေ ပြောကြပါစေ

“လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ”ဆိုတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့ စာသားလေးတွေကို နာယူမှတ်သားရတဲ့အခါ တစ်ခါတလေ လှည့်ပတ်ဖို့ ချောင်းနေကြ၊ အထင်သေးဖို့ ကြိုးစားနေကြ၊ ဆင်းရဲအောင် လုပ်နေကြတဲ့ သူတွေကို သတိရမိတတ်ပါတယ်။ လူအတော်များများက...

Read more »

ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်း (သို့) ကိုယ်စောင့်တရား

အစောင့်အရှောက်ဆိုတာ အပြင်အစောင့်အရှောက် အတွင်းအစောင့်အရှောက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အပြင်ပိုင်း အစောင့်အရှောက်ကတော့ မြင်နိုင်လောက်တဲ့ အပြင်အန္တရာယ်ကိုပဲ အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အတွင်းပိုင်း တစ်နည်းအားဖြင့် ကိုယ့်စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်ဖို့ကိုတော့ အသိတရား၊ သတိတရားနဲ့ပဲ စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။  တစ်ချို့က...

Read more »

ရုန်းထွက်နိုင်မှ

ပုထုဇဉ်များအတွက် အနှောင်အဖွဲ့များသည် အလွန်များပြားလှ၏။ သံယောဇဉ် အနှောင်အဖွဲ့၊ ကိလေသာ အနှောင်အဖွဲ့၊ အကုသိုလ် အနှောင်အဖွဲ့ စသည်ဖြင့် အနှောင်အဖွဲ့ အမျိုးမျိုးကြားတွင် တဝဲလည်လည် ဖြစ်နေကြ၏။ တစ်ခါတရံ ရုန်းထွက်မည်ဟု စိတ်ကူးရှိသော်လည်း မထွက်နိုင်သည်ကသာ များနေတတ်၏။ အချို့အလုပ်များသည် မကောင်းမှန်း သိနေသဖြင့် ရုန်းထွက်ရန် ကြိုးစားချင်သော်လည်း...

Read more »

ဗုဒ္ဓအလိုကျ နေထိုင်ခြင်း

“ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။ တရားကို မြင်သောသူသည်၊ ဘုရားကို မြင်၏။” ဤစကားသည် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်မှ ဝက္ကလိမထေရ်အား မိန့်တော်မူသော စကားတော် ဖြစ်၏။ ဝက္ကလိမထေရ်သည် ဘုရားရှင်အပေါ် ချစ်ကြည်ညိုသည့် ပုဂ္ဂိုလ်ရေး သံယောဇဉ်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရောက်လာသူဖြစ်ပြီး ရဟန်းဖြစ်ပြီးနောက်တွင်လည်း ရဟန်းတရားကို အားမထတ်ဘဲ ဘုရားရှင်အားသာ အနီးကပ်ကြည်ရှု...

Read more »

ရတာမလို လိုတာမရ ဤလောက

“ယမ္ပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ= အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခ“ လို့ ဘုရားရှင်က ဟောတော်မူပါတယ်။ မှန်ပါတယ်။ လိုနေတာကိုက ဒုက္ခဖြစ်နေတာပါ။ လိုတဲ့အတွက် ရချင်တယ်။ ရချင်တဲ့အတွက် ရအောင်လုပ်တယ်။ ရလာပြန်တော့လည်း အဲဒီအပေါ်မှာ ငြီးငွေ့လာပြန်တယ်။ ပြီးတော့ နောက်တစ်ခု ထပ်လိုချင်ပြန်ပါတယ်။ မရေးသေးတာကိုရချင်၊ ရတော့လည်း တစ်ခြားဟာ လိုချင်၊ တစ်ခြားဟာလိုချင်လာတဲ့...

Read more »

ဒါနမြောက်အောင် ပေးပါ

ဒါနဆိုတာ ပေးကမ်းခြင်းကို ပြောတာဖြစ်ပါတယ်။ သဒ္ဓါတရား အားနည်းလို့ မပေးလိုမကမ်းလိုတဲ့ လူတွေရှိတတ်ပေမယ့် အတော်များများက ရှိရင်ပေးတတ်ကြတဲ့ သူတွေများပါတယ်။ သူများတွေကို ပေးဖို့သဘောမကျတဲ့ သူတွေဖြစ်စေဦးတော့ ကိုယ့်မိဘ၊ မိသားစု၊ ဆွေမျိုးစတဲ့သူတွေ အပေါ်မှာတော့ လိုအပ်ရင် လိုအပ်သလို၊ ရှိရင်ရှိသလို ပေးတတ်ပါတယ်။ အဲဒီလို ပေးတဲ့အခါ သဒ္ဓါတရားကောင်းလို့ စေတနာပြတ်ပြီး...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ