ဆရာတော် မြန်မာပြည်တွင် ရှိနေမည်

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့၊ စိတ္တသု မြန်မာ ဘုန်းတော်ကြီးကျောင်းနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊ သီရိဇေယျုံ ကျောင်းတို့၏ ပဓာန နာယကဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တသည် (၁၆-၁၁-၂၀၁၂)ရက်၊ သောကြာနေ့မှစ၍ မြန်မာပြည်သို့ ပြန်လည်ကြွရောက်ကာ ပြည်တွင်းသာသနာပြု လုပ်ငန်းများကို ဆောင်ရွတ်တော်မူမည် ဖြစ်ပါသည်။   ဆရာတော်...

Read more »

မနာပဒါယီသုတ် ကောက်နှုတ်ချက်

မနာပဒါယီ လဘတေ မနာပံ၊  အဂ္ဂဿ ဒါတာ လဘတေ ပုနဂ္ဂံ။  ဝရဿ ဒါတာ ဝရလာဘိ ဟောတိ၊  သေဋ္ဌံ ဒဒေါ သေဋ္ဌမုပေတိ ဌာနံ။  ''ယော အဂ္ဂဒါယီ ဝရဒါယီ၊ သေဋ္ဌဒါယီ စ ယော နရော။  ဒီဃာယု ယသဝါ ဟောတိ၊ ယတ္ထ ယတ္ထူပပဇ္ဇတီ''တိ။ 'နှစ်သက်ဖွယ်ကို ပေးလှူသူသည် နှစ်သက်ဖွယ်ကို ရ၏၊ မွန်မြတ်သည်ကို ပေးလှူသူသည် တစ်ဖန့်မွန်မြတ်သည်ကို ရ၏၊ တောင့်တအပ်သည်ကို ပေးလှူသူ...

Read more »

အသွင်လောက

အသွင်လောက ********** အသွင်လောက အထင်ပြောရရင် အဆင်မချောလှချင်ဘူး။ သဘောမကျမရင် မနောပါမလှချင်တာကြောင့် ပြောတာကအစ ဒေါသပုံထနေသလိုပါပဲ။ ကြိုက်တဲ့သူဆို အလိုက်တူလို့ မကြိုက်တဲ့သူဆို မမိုက်ဘူးလို့ ဆိုသူကဆို ချစ်တဲ့သူဆို အပြစ်မဆိုဘဲ မချစ်လို့ကတော့ အပြစ်ဖို့ကြဖို့ လုပ်သူကလုပ် အလိုမကျရင် မလိုကြချင်ပေမယ့် အလိုကျလို့ကတော့...

Read more »

အကြောင်းချုပ်မှ အကျိုးချုပ်မယ်

သတ္တဝါတွေဟာ ဒုက္ခတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ အလွန်ခံစားလွယ်ပြီး ဒီဒုက္ခတွေကို ပယ်ဖို့ကြိုးစားလေ့ ရှိတတ်ပါတယ်။ ဒါပေမယ့် အပယ်လွဲနေတော့ ဒုက္ခကပယ်မရဘဲ ပိုပြီးတောင် တွယ်နေကြရတာ ဖြစ်ပါတယ်။  တကယ်တော့ ဒုက္ခဆိုတာ ကြောင်းကျိုးစကားနဲ့ ပြောရရင် အကျိုးတရားပဲ ဖြစ်ပါတယ်။ အကျိုးတရားဆိုတာ အကြောင်းတရားကြောင့် ဖြစ်လာတာ ဖြစ်တဲ့အတွက် အကျိုးကို ပယ်လို့မရပါဘူး။...

Read more »

ပျက်စီးခြင်း နှင့် ပြည့်စုံခြင်း (သို့) ဗျသနသုတ်

ရဟန်းတို့ ပျက်စီးခြင်းတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ - အဆွေအမျိုးတို့၏ ပျက်စီးခြင်း စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်း အနာရောဂါ နှိပ်စက်မှုဟူသော ပျက်စီးခြင်း အကျင့်သီလ၏ ပျက်စီးခြင်း အယူ၏ ပျက်စီးခြင်းတို့တည်း။ ရဟန်းတို့ သတ္တဝါတို့သည် အဆွေအမျိုးတို့၏ ပျက်စီးခြင်းကြောင့် ဖြစ်စေ၊ စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊...

Read more »

ကထိန်အကြောင်း သိကောင်းစရာ

သီတင်းကျွတ်ပြီးသွားပြီဆိုတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် နောက်ထပ်ဘာသာရေးဆိုင်ရာ ထင်ရှားတဲ့ ကုသိုလ်ပွဲတစ်ခုအနေနဲ့ ကထိန်အလှူပွဲတွေက အသီးသီး ရှိလာနေကြမှာ ဖြစ်ပါတယ်။ ဘုရားဝိနည်းတော် သတ်မှတ်ချက်အရ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် မြန်မာနိုင်ငံတ၀ှန်းလုံးရှိ...

Read more »

လေးဆယ်ကျော်အချစ် ဘယ်လိုချစ်မလဲ

“လေးဆယ်ကျော်အချစ် ဘယ်လိုချစ်မလဲ” ဓမ္မကထိက ဝေါဆရာတော် အရှင်သုမင်္ဂလရဲ့ တရားခေါင်းစဉ်လေးတစ်ခုပါ။ ဒီခေါင်းစဉ်လေးကို ကြိုက်လွန်းလို့ ကိုယ့်ဘဝနဲ့ချိန်ထိုးထားတဲ့ အတွေးလေးတွေကို စာတစ်ပုဒ်အဖြစ် ရေးထုတ်ဖြစ်တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ မကြာခင် အသက် (၃ဂ)နှစ်ပြည့်ကာ (၄၀)နားကို တဖြည်းဖြည်းကပ်လာတဲ့ ဘဝရဲ့ ဖြတ်သန်းမှုတွေကို စဉ်းစားရင် လေးဆယ်ကျော်လာရင်...

Read more »

ပဝါရဏာက ပေးတဲ့ မက်စေ့ခ်ျ (message)

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ (၃၀-၁၀-၂၀၁၂)ရက်နေ့က ဘုန်းဘုန်းတို့ ကိုရီးယားရောက် ထေရဝါဒ မြန်မာရဟန်းတော်များ စုပေါင်းပြီး သံဃာ့ပဝါရဏပွဲကို ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ တစ်နိုင်ငံတည်းမှာ ရှိနေပမယ့် မတူညီတဲ့ အရပ်ဒေသတွေမှာ ဖြစ်နေကြတဲ့အတွက် ရဟန်းတော်အချင်းချင်းလည်း မတွေ့ဆုံဖြစ်ခဲ့ကြပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်နှစ်မှာအနည်းဆုံး...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ