လစဉ်ဟောကြား မြတ်တရား (၁)

ဘာအကောင်းဆုံးလဲ ဘုန်းဘုန်းတို့ ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းမှာ လစဉ်တစ်လတစ်ကြိမ် တရားပွဲများနဲ့ ရွှေမြန်မာတွေ့ဆုံပွဲများကို ဒီနှစ် ၂၀၁၁ခုနှစ် (၂)လပိုင်းကစပြီး ကျောင်းအကျိုးဆောင် ဒကာတော်များရဲ့ ဦးဆောင်မှုနဲ့ လစဉ်ကျင်းပ ပြုလုပ်လာဖြစ်ခဲ့ပါတယ်။ အရင်တုန်းက သီးသန့်သတ်မှတ်ချက် မရှိဘဲ အခြေအနေအရ သာရေးနာရေးပွဲများ လုပ်ဖြစ်ခဲ့ကြပေမယ့် အခုလို သတ်သတ်မှတ်မှတ်လေး လုပ်ဖြစ်ဖို့ကတော့ ဒီနှစ်မှ စလုပ်ဖြစ်ကြတာ ဖြစ်ပါတယ်။...

Read more »

ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝကတို့၏ ခြားနားချက်…

Q. ဘုရားနှင့် ပစ္စေကဗုဒ္ဓါတို့၏ တူပုံနှင့် ခြားနာပုံများကို အသေးစိတ်လေးများ သိရှိခွင့်ရရင် သိရှိလိုပါသည် အရှင်ဘုရား။(www.bbfse.org) A. ဘုရား၊ ပစ္စေကဗုဒ္ဓတို့ရဲ့ ခြားနားချက်ကို မပြောခင် ဗောဓိနဲ့၊ ဗောဓိသတ္တအကြောင်းကို အရင်ပြောပြဖို့ လိုပါတယ်။ ဒီလို ဗောဓိအကြောင်းကို ပြောမယ်ဆိုရင် သာဝကအကြောင်းလည်း ထည့်ပြောရမှာဖြစ်လို့ မေးခွန်းထဲမှာ မပါပေမယ့် ဒီနေရာမှာ သာဝကအကြောင်းကိုပါ ထည့်သွင်းပြောကြားပေးမှာ ဖြစ်ပါတယ်။ ဗောဓိဆိုတာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်တွေကို...

Read more »

အထမ်းသမား…

တစ်ခါက ယောဂီအချို့ကို တရားစစ်တော့ ယောဂီတစ်ယောက်က “အရှင်ဘုရား တပည့်တော် ဒီနေ့ တရားအားထုတ်တဲ့အခါ သမာဓိ မတည်ဘဲ တစ်ချိန်လုံး လေးလံထိုင်းမှိုင်းနေပါတယ်၊ အဲဒါ ဘာကြောင့်ပါလဲဘုရား”လို့ မေးလျှောက်လာပါတယ်။ “ဟုတ်လား…၊ ဘာတွေထမ်းထားလို့ လေးနေတာလဲ၊ ဘာကလေးနေတာလဲ၊ ကိုယ်လေးနေတာလား၊ စိတ်လေးနေတာလား” စသဖြင့် သူ့ကို ပြန်မေးကြည့် တော့ “ဟိုတွေးဒီတွေးတွေးရင်း ဘာကလေးနေမှန်းကို မသိပါဘူးဘုရား၊ သေချာတာတော့ တပည့်တော်ရဲ့ စိတ်မှာရော၊ ခန္ဓာကိုယ် တစ်ခုလုံးမှာပါ...

Read more »

ကပ်မလိုက်နဲ့…

မြန်မာဗုဒ္ဓဘာသာများ ဘုရားရှိခိုးတိုင်း ဆိုလေ့ရှိကြတဲ့ သြကာသ ကန်တော့ချိုးမှာ “အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍…” စသဖြင့် ဆုတောင်းထားတဲ့ ဆုတောင်းပိုင်းလေး ရှိပါတယ်။ ကန်တော့ရတဲ့ အကျိုးကြောင့် ဒီလိုဒီလို မကောင်းတဲ့ ရလာဘ်တွေ မဖြစ်စေဖို့ တောင့်တတဲ့ သဘောပါပဲ။ ဒါပေမယ့် ဒီနေ့ခေတ်မှာ သတ္တဝါတွေ မဖြစ်ဖို့တောင့်တနေတဲ့ အရာတွေက ကြာလေများလေ၊ ကြာလေ ဖြစ်လာနေတာတွေကတော့...

Read more »

ထို့ထက်အလွန်...

“ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကို ပျက်စီးအောင် ပြုနိုင်ရာ၏။ရန်သူတစ်ယောက်သည် ရန်သူတစ်ယောက်ကို ပျက်စီးအောင် ပြုနိုင်ရာ၏။မကောင်းသဖြင့် ထားအပ်သောစိတ်သည်ကား ထိုစိတ်ရှိသူကို ထိုရန်သူ၊ သူခိုးတို့ထက်ပင် ယုတ်ညံ့အောင် ပြုလုပ်နိုင်၏”(ဂေါတမမြတ်စွာဘုရား) သတ္တဝါတိုင်း၊ သတ္တဝါတိုင်း ဘဝတွင် ရန်သူအမျိုးမျိုးနှင့် ရင်ဆိုင်ဆုံတွေ့ရတတ်ပြီး အမျိုးမျိုးသော ပျက်စီးမှုများနှင့်လည်း ကြုံတွေ့ရတတ်၏။ အတွင်းရန်သူများနှင့်လည်း ကြုံတွေ့နိုင်သကဲ့သို့ အပြင်ရန်သူများနှင့်လည်း...

Read more »

သုကို ယှဉ်၊ ဒုကို ကြဉ်…

“သုကို ယှဉ်၊ ဒုကို ကြဉ်” ဆိုတဲ့ မြန်မာဆိုရိုးစကား တစ်ခုရှိပါတယ်။ ဒီဆိုရိုးနဲ့ ပတ်သက်ပြီး မြန်မာဆိုရိုးစကား စာအုပ်မှာတော့ “သုစရိုက် ၁၀ပါးကို လိုက်နာကျင့်သုံး၍ ဒုစရိုက် ၁၀ပါးမှ ရှောင်ကြဉ်ခြင်း” လို့ ဖွင့်ဆိုရှင်းပြပြီး ရှင်ဥက္ကံသလင်္ကာ ဆုံးမစာမှာပါတဲ့ “သုကို ယှဉ်၊ ဒုကို ကြဉ်၊ မယှဉ်လျှင် မြုပ်တတ်သည်။ မကြဉ်လျှင် စုပ်တတ်သည်” ဆိုတဲ့ ဆုံးမစာလေးကိုပါ ကိုးကားဖော်ပြထားတာကို တွေ့ရပါတယ်။ သုကိုယှဉ်ပြီး ဒုကိုကြဉ်မှ အစဉ်ထာဝရ ဘဝလှကာ အစစအရာရာ အမြင့်နေရာမှာ...

Read more »

ကိုယ်နာသော်လည်း စိတ်မနာပါစေနှင့်…

တစ်ခါက ရန်ကုန်မြို့ရှိ၊ ပုဂ္ဂလိကဆေးရုံ တစ်ခုတွင် ဆေးကုသမှု ခံယူနေရသည့် ရဟန်းဒကာကြီး တစ်ဦးထံ ကျန်းမာရေး သတင်းသွားမေးရင်း ရောက်ရှိသွားခဲ့၏။ အသက်အရွယ် ကြီးရင့်လာမှုနှင့် ရောဂါဝေဒနာ နှိပ်စက်မှု ဒဏ်များကြောင့် ခန္ဓာကိုယ် အလွန်ပင်ပန်းနေသည့် ဒကာကြီးသည် စာရေးသူကို မြင်ရသည့်အခါ ဝမ်းမြောက်မှုနှင့်အတူ ကုတင်တွင် လှဲနေရာမှ ထထိုင်လိုက်ပြီး လက်အုပ်ချီကာ အရိုအသေးပေးလေ၏။ စာရေးသူလည်း ဒကာကြီး သက်သာသလိုသာ နေပါဟုပြောရင်း သူ့ကျန်းမာရေး အခြေအနေကို မေးမြန်းကာ...

Read more »

စိတ်ရှိတိုင်းသာ လုပ်ကြမယ်ဆိုရင်ဖြင့်…

“တပည့်တော်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဆိုတော့ ခံစားချက်ကတော့ ရှိတာပေါ့ဘုရား၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စိတ်လိုက်မာန်ပါ မလုပ်တာ ကောင်းပါတယ်ဆိုပြီး နောက်ဆုံးကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ထိန်းပြီးပဲ နေနိုင်အောင် ကြိုးစားလိုက်ပါတယ်၊ အခုမှ ပြန်စဉ်းစားကြည့်မိတော့ အဲဒီတုန်းကသာ တပည့်တော် စိတ်ရှိတဲ့အတိုင်း ပြောဆိုလုပ်ကိုင်လိုက်မယ်ဆိုရင် သူလည်းတစ်ခုခုဖြစ်၊ တပည့်တော်လည်း ထောင်ကျမှာ အသေအချာပဲဘုရား၊ အဲဒီတုန်းက တပည့်တော် သတိဝင်ခဲ့ပြီး သည်းခံကာ...

Read more »

ကိုယ့်ဖို့ဥစ္စာ၊ ကိုယ်တိုင်ရှာ…

- ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ အဖြာဖြာသည်၊ ငါ့ဟာငါ့ဟာ၊ သမုတ်ပါလည်း၊ခန္ဓာကြွေပျောက်၊ သေပြီးနောက်ဝယ်၊ ကိုယ့်နောက်မပါ၊ အိမ်ဂေဟာ၌၊ စုကာပုံလစ်၊ ကျန်နေရစ်၏။- ဆွေမျိုးမိဘ၊ အဝဝသည်၊ ချစ်ကြသော်လည်း၊ မလွဲမသွေ၊ ကွဲရပေမည်၊သေရာကိုယ့်နောက်၊ တစ်ယောက်မပါ၊ ငိုယိုကာဖြင့်၊ မြှုပ်ရာသင်္ချီုင်း၊ မြေလုပ်တိုင်းမှ၊ မဆိုင်းမတွ၊ ပြန်လေကြ၏။- ကိုယ်တိုင်စီမံ၊ ကုသိုလ်ကံသာ၊ မကွာကိုယ့်နောက်၊ တစ်ကောက်ကောက်ပဲ၊ လိုက်တတ်မြဲမို့၊ကိုယ့်ဖို့ဥစ္စာ၊ ကိုယ်တိုင်ရှာ၊ ချိန်ခါရှိတုန်း၊...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၈)...

သိမ်နဲ့ အမျိုးသမီးဗုဒ္ဓဘာသာ မြန်မာတွေကြားမှာ အရိုးစွဲပြီး အမှတ်လွဲနေတတ်တဲ့ အလွဲလေးတွေအကြောင်း ထောက်ပြပေးတဲ့ စာတွေရေးပေးနေတာကိုသိတော့ ဆရာတော်တစ်ပါးက သိမ်နဲ့အမျိုးသမီး အကြောင်းကိုလည်း စာရေးပေးဖို့ မိန့်ကြားဖူးပါတယ်။ ဆရာတော် မမိန့်ခင်ကတည်းက ရေးဖို့ရည်ရွယ်ချက် ရှိနေပေမယ့် မရေးဖြစ်ဘဲ အခုမှပဲ အကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ တောရွာအတော်များများမှာ တစ်ရွာသိမ်တစ်လုံးတော့ ရှိနေတတ်ကြပါတယ်။ အဲဒီလို သိမ်တွေရှိနေပေမယ့် အမျိုးသမီးတွေ...

Read more »

ဝေဒနာနှင့်အပြိုင်…

ဝေဒနာဆိုတဲ့ ဒီပါဠိဝေါဟာရ စကားလုံးဟာ ခံစားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ခံစားခြင်းမှန်သမျှ ကောင်းတဲ့ခံစားခြင်းပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့ခံစားခြင်းပဲ ဖြစ်ဖြစ်၊ အကောင်းလည်းမဟုတ်၊ အဆိုးလည်းမဟုတ်တဲ့ ခံစားခြင်းမျိုးပဲဖြစ်ဖြစ် ဘယ်လိုခံစားမှုမျိုးကိုမဆို အလွယ်ပြောဆိုကြရမယ်ဆိုရင် အားလုံးဟာ ဝေဒနာတွေချည်းပါပဲ။ ဘယ်သူကြောင့်ပဲ ခံစားခံစား၊ ဘာကြောင့်ပဲ ခံစားခံစား၊ ဘယ်လိုမျိုးပဲ ခံစားခံစား စိတ်မှာဖြစ်ပေါ်လာတဲ့ ခံစားမှု သဘောမှန်သမျှ အားလုံးဝေဒနာလို့ပဲ ပြောရမှာ...

Read more »

အတွေးများရင် အဝေးသွားမယ်…

ကိုရီးယားနိုင်ရဲ့ ရာသီဥတု အခြေအနေက အအေးပေါ့လာတဲ့ အနေအထား ရှိလာပြီဖြစ်တဲ့အတွက် ဘုန်းဘုန်းရဲ့ကျောင်းမှာ တရားနာ၊ တရားလာအားထုတ်ဖို့ ဆက်သွယ်လာကြတဲ့ ကိုရီးယား တစ်ချို့တဖြည်းဖြည်း များများလာပါတယ်။ ဒါနဲ့ ကြာသပတေးနေ့တိုင်း နေ့လယ် ၂ရာရီကနေ ၄နာရီအထိ သူတို့အတွက် အချိန်ပေးပြီး တရားဟော တရားပြ လုပ်ပေးနေဖြစ်ပါတယ်။ တစ်နာရီ တရားထိုင်ပြီး နောက်ပိုင်းအချိန်ကို အင်တာဗျူးအချိန် သတ်မှတ်ပေးပါတယ်။ တရားအတွေ့အကြုံနဲ့ ပတ်သက်လို့ မေးလိုက မေးခွင့်ပေးထားတဲ့အတွက်...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ