မကြာမီ ပြန်လာမည်…

ခုတစ်လော မနာပဒါယီ အင်တာနက်စာမျက်နှာမှာ ပို့စ်အသစ်တွေ မတက်တာ နဲနဲကြာသွားလို့လား မသိဘူး။ စာဖတ်ပရိတ်သတ်တွေရဲ့ အသံလေးတွေ ကြားလာရပါတယ်။ စာမရေးတော့ဘူးလား…၊ ဘာဖြစ်လို့ ပို့စ်အသစ် မတင်ဖြစ်တာလဲ…၊ နေမကောင်းလို့လား…၊ ဒါမှမဟုတ် ဘယ်များကြွသွားလို့လဲ… စသဖြင့်ပေါ့။ ပို့စ်အသစ် မတင်ဖြစ်တာတော့ မှန်ပါတယ်။ ဒါကလည်း နေမကောင်းလို့ မဟုတ်သလို တစ်နေရာရာကို ရောက်နေလို့လည်း မဟုတ်ပါဘူး။ ၀ါကျွတ်ပြီးကတည်းက ဟိုအလုပ်ဒီအလုပ်တွေနဲ့ နဲနဲရှုပ်သွားတာရယ်၊ စာရေးဖို့...

Read more »

ဒါလည်းပဲ ပြီးသွားမှာပါပဲ…

“အရာအားလုံးဟာ မမြဲခြင်းသဘော ရှိ၏” ဆိုတဲ့ ဘုရားစကား ကြားမိတဲ့အခါ တစ်ခါတစ်လေ စာသင်သား ဘ၀က အင်္ဂလိပ်စာ ဆရာကြီးတစ်ယောက် ပြောလေ့ပြောထ ရှိတဲ့ အင်္ဂလိပ် စကားလေးကိုလည်း သွားသွားပြီး သတိရမိပါတယ်။ ဆရာကြီးက စာသင်တဲ့အခါတိုင်း “ This too will pass” ဆိုတဲ့ စကားလုံးလေးကို ရေးရေးပြီး သူ့အတွေ့အကြုံလေးတွေနဲ့ ချိန်ထိုးကာ ပြောပြလေ့ရှိပါတယ်။ ပြီးတော့ သူက “အရှင်ဘုရားတို့ သိတဲ့အတိုင်းပဲဘုရား… လောကမှာ ဘာမှမြဲတာမရှိဘူး၊ ဖြစ်ပြီးရင်ပျက်တတ်တဲ့ သဘောရှိပါတယ်၊...

Read more »

စိတ်အားဖြည့် စကားစုလေးများ (၁၀)…

မနာပဒါယီ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး...

Read more »

Live Questions and Answers (12)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။24 Oct 10, 06:34 AMမြတ်ကိုဘုရား တရား သံဃာ ရတနာမြတ်သုံးကို ရိုသေစွာ ရှိခိုးဦးချပါ၏။ သိလိုဒါများမေးခွင့်ပြုပါဘုရား။(၁) မိမိကိုးကွယ်သော ဆရာဘုန်းကြီးသည် ကိုးကွယ်သင့်သော ဆရာကောင်း ဆရာမြတ် ဟုတ်မဟုတ်ကို မည်ကဲ့သို့သိနိုင်မည်နည်း။...

Read more »

အဝေးအနီး အရေးမကြီးပါ။ အရေးကြီးသည်မှာ…

“နီးတကျက်ကျက် ဝေးတစ်သက်”ဟူသော မြန်မာစကားပုံ တစ်ခုရှိ၏။ လူတို့သည် နီးနေသည့်အခါတွင် အချင်းချင်း အဆင်မပြေဖြစ်ကာ မကြာခဏ ခိုက်ရန်ဖြစ်လျက် တကျက်ကျက်ဖြင့် မတည့်ဖြစ်ကြသော်လည်း ဝေးနေသည့်အခါတွင်ကား သံယောဇဉ်တရားဖြင့် အချင်းချင်း စောင့်ရှောက်ကာ အစဉ်ထာဝရ တစ်သက်သာ ချစ်တတ်ကြကြောင်း ဆိုလိုခြင်း ဖြစ်ပေ၏။ မှန်၏။ လူအတော်များများသည် အဝေးပေါင်းကောင်းလှ၏။ ခဏတာကြုံတွေ့ကြသည့် အခိုက်အတန့်တွင် အဆင်ပြေပြေ ရှိလှ၏။ သူ့အကြောင်းကိုယ်မသိ ကိုယ့်အကြောင်း သူမသိကြသဖြင့်လည်း...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ