နဲနဲလေးတော့ လွဲနေတယ် (၁၅) ...

ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှု…ပြောင်းလဲလာတဲ့ အရာတွေထဲမှာ လူတွေရဲ့ ဘုန်းကြီးရဟန်း ကိုးကွယ်ဆည်းကပ်မှုဟာလည်း တစ်ခုအပါအ၀င် ဖြစ်လာနေပါတယ်။ အရင်တုန်းကတော့ ဘုန်းကြီးဆိုရင် ပရိယတ်၊ ပဋိပတ်လုပ်ငန်း တစ်ခုခုကို လုပ်နေရင်ပြီးတာပဲ ခွဲခြားမှုမရှိ ကိုးကွယ်ဆည်းကပ်တတ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ဘုန်းကြီးကိုးကွယ်တာ ဈေးကွက်ဆန်လာတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒီဘုန်းကြီးကို ကိုးကွယ်ရင်၊ ဒီဆရာတော်ကို ကိုးကွယ်ရင် ဘာဖြစ်မယ်၊ ဘာရမယ်၊ ဘယ်သူနဲ့တွေ့ခွင့်ရမယ်...

Read more »

ဘ၀ဆက်တိုင်း သရဏဂုံတည်အောင် ဘယ်လိုပါရမီတွေ ဖြည့်ကျင့်သင့်သလဲ

Q. အရှင်ဘုရားရိုသေစွာ ရှိခိုးဦးတင်လိုက်ပါတယ်ဘုရား။ အရှင်ဘုရားရဲ့ အင်တာနက်စာမျက်နှာကိုလည်း အခါအားလျော်စွာ ဝင်ရောက်ဖတ်ရှု မှတ်သားဖြစ်ပါတယ်။ အမြဲတမ်း ပို့စ်အသစ်တွေတင်နိုင်ပြီး စိတ်ရှည်စွာ ဟောညွန်ပြပေးတဲ့အတွက် ဝင်ရောက်မှတ်သား သူတွေအတွက် ယူတတ်မယ်ဆိုရင် အလွန်အကျိုးရှိလှပါတယ် ဘုရား။ တပည့်တော် အကြိုက်ဆုံးကတော့ နဲနဲလေးတော့ လွဲနေတယ် ဆိုတဲ့ ပို့စ်များပဲဖြစ်ပါတယ်ဘုရား။တပည့်တော်မေးမြန်းချင်တာနဲ့ အကြံပြုချင်တာလေးတွေရှိပါတယ်ဘုရား။ ခွင့်ပြုပေးတော်မူပါ။...

Read more »

ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး…

မကြာသေးခင်က စင်္ကပူမှာရှိတဲ့ ရဟန်းဒကာမ တစ်ဦးနဲ့ စကားပြောဖြစ်တော့ ရဟန်းဒကာမက “အရှင်ဘုရား တပည့်တော်ကို အသိတစ်ယောက်က ‘တခြားဘာသာတွေမှာတော့ ဆုတောင်းတာ၊ ရှိခိုးတာနဲ့ ကျမ်းစာရွတ်တာ ဒီလောက်ပဲ ရှိတယ်၊ ဗုဒ္ဓဘာသာမှာကတော့ ဘုရားရှိခိုးတာ၊ ပုတီးစိတ်တာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်ပွားတာ၊ ပရိတ်ပဋ္ဌာန်း ဓမ္မစကြာရွတ်တာ၊ ဂုဏ်တော်ပွားတာ၊ တရားထိုင်တာ၊ ၀ိပဿနာရှုတာ စသဖြင့် စုံနေတာပဲ၊ ဘာတွေဘယ်လိုကွာပြီး၊ ဘယ်လိုအကျိုးထူးတွေ ရှိတယ်၊ ဘာကြောင့် ဒီလောက် နည်းစနစ်တွေ အမျိုးမျိုး...

Read more »

ဘုရားမကယ်နိုင်သူများ…

လောကတွင် အချို့သူများသည် အကြောက်တရား နည်းပါးတတ်၏။ အယုံအကြည်လည်း နည်းပါးတတ်၏။ လက်တွေ့မဟုတ်လျှင် မယုံသည်များလည်း ရှိတတ်၏။ ထို့ကြောင့် အချို့ဆိုလျှင် မည်သည့်ကိစ္စများတွင် မဆို ပေါ့ပေါ့တန်တန်ပင် ပြောဆိုပြုမူ တုံ့ပြန်တတ်၏။ အချို့ကား ယုံကြည်မှုနှင့် အကြောက်တရား မရှိရုံမျှမက အတွေးအခေါ်များပင် မှားယွင်းသွားကာ ကံတရား၏ သဘောတရားများ အပေါ်တွင်လည်း အပျော်အပြက် ကဲ့ရဲ့တတ်သည်အထိ ဖြစ်တတ်ပေ၏။ ကံကံ၏အကျိုးတရားနှင့် စပ်လျဉ်း၍လည်း လက်တွေ့ မခံရသေးသည့်အခါ...

Read more »

သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့…

ဒီနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့နေ့လည်း ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက ဒီနေ့ဟာ မြတ်စွာဘုရားရှင် ၀ါတွင်းသုံးလ ကာလပတ်လုံး တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက် ကြွရောက်တော်မူတဲ့ နေ့လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာ မြန်မာများက အဘိဓမ္မာ အခါတော်နေ့လို့ ထူးထူးခြားခြား အမည်ထားကြခြင်း...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၄) ...

ကုသိုလ်နဲ့အရက်…“အရက်အရက်”နဲ့ လူအတော်များများဟာ အရက်ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်နေကြပါတော့တယ်။ ဆိုးတာက ဘာသာရေးအရ တားမြစ်ထားတဲ့ ဒီအရက်ဟာ ခုနောက်ပိုင်း ဘာသာရေး ပွဲတွေမှာတောင် နေရာယူလာနေတာကို ကြားသိနေရပြန်ပါတယ်။ ဒါဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ တောတွေမှာရော မြို့တွေမှာပါ ကုသိုလ်ပွဲနဲ့ အရက်တွေက ကင်းမရအောင်ကို ဖြစ်လာနေတာဟာ ဘာသာသာသနာ ဆုတ်ယုတ်ဖို့အတွက် အားပေးနေသလို ဖြစ်နေပါတယ်။ အရင်တုန်းက တောရွာတွေမှာ ကုသိုလ်ပွဲလုပ်၊ အလှူပွဲတွေ လုပ်ကြမယ်ဆိုရင်...

Read more »

ပ၀ါရဏာက ပေးတဲ့ မက်စေ့ခ်ျ (message) (သို့) ပ၀ါရဏာ ပြုကြစို့…

၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ် လပြည့်နေ့ကိုရောက်ဖို့ အချိန်ဟာ တဖြည်းဖြည်း နီးကပ်လာတာနဲ့အတူ ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်များနဲ့ ၀ါတွင်းကာလ ကုသိုလ်တော် ယူနေကြတဲ့ ဒကာဒကာမများရဲ့ လှုပ်ရှားမှုတွေဟာလည်း ပိုပြီးအသက်ဝင်လာ နေပါတယ်။ သံဃာတော်များရဲ့ လှုပ်ရှားမှုတွေထဲမှာ ၀ါကျွတ်တဲ့နေ့မှာ ကျင်းပကြမယ့် ပ၀ါရဏာပွဲဟာလည်း ထင်ရှားတဲ့ လှုပ်ရှားမှု တစ်ခုအဖြစ် ပါဝင်နေသလို ဒကာဒကာမများရဲ့ လှုပ်ရှားမှုတွေထဲမှာ သီတင်းကျွတ်လပြည့်နေမှာ ပြုလုပ်လေ့ ရှိကြတဲ့ သံဃာ့ပူဇာပွဲနဲ့...

Read more »

လယ်တစ်ကွက်၊ ပေါက်တူးတစ်လက်နဲ့ ရဟန်းလူထွက်…

သံယောဇဉ်ဆိုတာကလည်း အခက်သား။ စွဲမိပြီဆိုရင် ဘာမဟုတ်တာလေး အပေါ်မှာလည်း စွဲလမ်းမိပြီး ဖြတ်ဖို့ခက်တတ်တဲ့ သဘောရှိပါတယ်။ ပစ္စည်းဥစ္စာ တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ နေရာဒေသ တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ အလုပ်အကိုင် တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုပဲ ဖြစ်ဖြစ် နေ့စဉ် မြင်နေတွေ့နေ ရင်းနှီးနေတော့ မရှိရင်၊ မမြင်ရင်ကိုပဲ စိတ်ထဲမှာ တစ်ခုခု လိုနေသလို ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေ အဲဒီပစ္စည်းဝတ္ထုလေး တစ်ခုခုများ ဖြစ်သွားတဲ့အခါ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲကို...

Read more »

ကထိန်အကြောင်း သိကောင်းစရာ…

မကြာမီ သီတင်းကျွတ်တော့မှာ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင် မြတ်များရဲ့ ၀ါတွင်းကာလလည်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ သီတင်းကျွတ်ပြီးတဲ့နောက် မြန်မာဗုဒ္ဓဘာသာဝင်တွေ အတွက် ဘာသာရေးဆိုင်ရာ ကုသိုလ်ပွဲတစ်ခုအဖြစ် ကထိန်အလှူပွဲတွေက ထပ်ပြီးရောက်လာကြတော့မှာ ဖြစ်ပါတယ်။ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် သတ်မှတ်ကြကာ မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ...

Read more »

သိကြားမ,မည့်သူ…

ဘ၀ရှေးက၊ ပုညအားကြိုး၊ ကြမ္မာမျိုးနှင့်ကောင်းကျိုးပေးလို၊ ဤလူ့ကိုယ်၌ကုသိုလ်ဥပထံ၊ အခံတရား၊ ကံကြီးမာ၍ကောင်းစားမည့်သူ၊ ဖြစ်ဘိမူကားထိုသူထင်ရှား၊ မကောင်းစားဘဲ၊ မသေမြဲတည့်။ဆင်းရဲတစ်ဆစ်၊ ခိုက်တန့်ဖြစ်လည်းမနစ်မနာ၊ ဒုက္ခကွာ၍ချမ်းသာစေငြား၊ ထိုယောက်ျားကိုသိကြားမ,ရ မည်သာတည်း ။ ။ (မဃဒေ၀လင်္ကာ၊ ၈၀)စာရေးသူ စာသင်သားဘ၀ ခရမ်းမြို့၊ ပါဠိတက္ကသိုလ် ကိုင်းကုန်းကျောင်းတိုက်တွင် စာသင်ခဲ့စဉ်က စာသင်သားများ စုပေါင်းဘုရားဝတ်တက်သည့် ကျောင်းဆောင်ကြီး၏ နံရံတစ်နေရာရှိ...

Read more »

ဓုတ်နဲ့ အရိုက်ခံရမှဖြင့်…

တစ်ခါက ဒကာလေးတစ်ချို့ ပြောနေသံလေးတွေကို ကြားခဲ့ရပါတယ်။ သူတို့ထဲက တစ်ယောက်က “ဒီမှာ ကိုယ့်လူတို့ ယောက်ျားဆိုတာ အသောက်အစား၊ လောင်းကစားနဲ့ မိန်းမလိုက်စားတာ သုံးမျိုးမှာ တစ်ခုခုတော့ ၀ါသနာပါမှကွ၊ ဒါမှ ယောက်ျားပီသတာ၊ အဲဒါတွေ မလုပ်ဘူးဆိုရင် ဘာလုပ်မလဲ၊ အခြောက်လား…၊ ဒါမှမဟုတ် ယောက်ျားအချင်းချင်းကို ပြန်ကြိုက်မှာလား…”လို့ ပြောလိုက်သံကို ထူးထူးခြားခြား ကြားလိုက်ရပါတယ်။ ဒီတော့ တစ်ယောက်က “ဟုတ်လား… အဲဒါဆိုရင် ဒီသုံးမျိုးလုံး ၀ါသနာပါတဲ့သူဆိုရင်...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၃) ...

ကုသိုလ်ကောင်းမှုနဲ့ ရက်ကောင်းရက်မြတ်…တစ်လောက မြန်မာပြည်မှာရှိတဲ့ ရဟန်းဒကာမ တစ်ဦးထံက ဖုန်းဝင်လာပါတယ်။ “ကျန်းမာရေး မကောင်းတဲ့ အမေအတွက် အလှူလုပ်ပေးဖို့ဟာ အလှူလုပ်မယ့်ရက်က ပြဿဒါးရက်ကြီး ဖြစ်နေလို့ အမေတစ်ခုခုဖြစ်မှာ စိုးတဲ့အကြောင်း၊ အဲဒါ ဘယ်နေ့လုပ်သင့်တယ်ဆိုတာ အရှင်ဘုရားဆီက အကြံဉာဏ်တောင်းလိုတဲ့ အကြောင်း” လျှောက်လာပါတယ်။ ဖြစ်မှဖြစ်ရလေ။ ကုသိုလ်လုပ်တာပဲ ပြဿဒါးရက် ဖြစ်နေလို့တဲ့။ လွဲနေတာကို ပြောတာပါ။ “အမေတစ်ခုခုဖြစ်မှာစိုးရင် ဟိုရက်ဒီရက်...

Read more »

ဖြစ်မှဖြစ်ရလေ အမယ်မင်းရယ်…

လွန်ခဲ့တဲ့ သုံးရက်လောက်က ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ ပြောစရာကိစ္စလေးတွေ ရှိတာနဲ့ အွန်လိုင်းကနေချိန်းပြီး အသုံးပြုလေ့ မရှိတဲ့ ဂျီထော့ခ်(Gtalk)ကို ဖွင့်ဖြစ်ခဲ့ပါတယ်။ ဖွင့်ဖွင့်ချင်းပဲ “ဟယ်လို အစ်ကို…၊ အစ်ကိုက ကိုရီးယားကလား…”ဆိုတဲ့ နှုတ်ဆက်အမေးနဲ့ အတူ အွန်းလိုင်းပေါ်က ချက်တင်းတစ်ခု ၀င်လာပါတယ်။ မြန်မာပြည်ဘက်က ကလေးမလေးတစ်ယောက် ဖြစ်မှာပါ။ “ကိုရီးယားကတော့ ဟုတ်ပါတယ်၊ အစ်ကိုတော့ မဟုတ်ဘူး၊ ဘုန်းဘုန်းတစ်ပါးပါ”လို့ ဘုန်းဘုန်းက ပြန်ပြီး စာပြန်ရိုက်တော့...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ