ငါပါးသီလနှင့်စပ်၍ မှတ်သားဖွယ်...

.ဗုဒ္ဓဘာသာဝင်များအတွက် ငါးပါးသီလဟာ ခါးဝတ်ပုဆိုးကဲ့သို့ လုံခြုံရမယ့် ကိုယ့်ကျင့်သီလဖြစ်ပါတယ်။ ဒီသီလဟာ ငါးပါးတည်းဆိုပေမယ့် လုံခြုံအောင် စောင့်ထိန်းဖို့ခက်ခဲပါတယ်။ ပိုပြီးခက်ခဲတာက သီလသိက္ခာပုဒ်တစ်ခု ကျူးလွန်မိတာ ပျက်ဆီးသွားတာကို မသိတာက ပိုဆိုးပါတယ်။ ဘယ်လိုအကြောင်း အင်္ဂါတွေနဲ့ ညီညွတ်မှ ကံမြောက်တယ် သီလပျက်တယ်ဆိုတာ မသိတဲ့အတွက် သီလစောင့်ထိန်းရာမှာ သံသယဖြစ်မှုတွေ တိုးပွားပြီး စိတ်ကိုလေးလံစေပါတယ်။ တကယ်တော့ ဗုဒ္ဓစာပေများအရ ဘယ်အလုပ်ပဲဖြစ်ဖြစ် အကြောင်းညီညွတ်မှ အကျိုးဖြစ်တာပါ။ အကြောင်းခိုင်လုံမှ အကျိုးပေးမှုဖြစ်တာပါ။ ဒီသဘောအတိုင်းပဲ သီလစောင့်ထိန်းရာမှာလည်း အကြောင်းအင်္ဂါရပ်တွေပြည့်စုံမှ ကံမြောက်တဲ့အထိ ကျူးလွန်ရာရောက်တာပါ။ အဲဒီအင်္ဂါရပ်တွေနဲ့ ညီညွတ်မှသာ သီလပျက်တာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သိသင့်တဲ့ ငါးပါးသီလရဲ့ အင်္ဂါရပ်တွေကို ဖော်ပြလိုက်ပါတယ်။

.ပါဏာတိပါတ (သတ်မှု) ကံမြောက်နိုင်တဲ့အင်္ဂါ (၅)ပါး
၁။ ပါဏ = သက်ရှိသတ္တ၀ါဖြစ်ခြင်း
၂။ ပါဏသညိတ = သက်ရှိသတ္တ၀ါဟု မှတ်သိခြင်း
၃။ ဃာတစိတ္တ = သတ်လိုတဲ့စိတ်ရှိခြင်း
၎။ ဥပက္ကမ = လုံ့လပြုခြင်း
၅။ မရဏ = ထိုလုံ့လကြောင့် သေခြင်း

အဒိန္နဒါန (ခိုးမှု) ကံမြောက်နိုင်တဲ့အင်္ဂါ (၅)ပါး
၁။ ပရသန္တက = သူတစ်ပါးဥစ္စာဖြစ်ခြင်း
၂။ တထာသညာ = သူတစ်ပါးဥစ္စာဟု မှတ်သိခြင်း
၃။ ထေယျစိတ္တ = ခိုးလိုသောစိတ်ရှိခြင်း
၎။ ဥပက္ကမ = လုံ့လပြုခြင်း
၅။ တေနဟာရ = ထိုလုံ့လဖြင့် ခိုးယူခြင်း

ကာမေသုမိစ္ဆာစာရ (ကာမကိစ္စ) ကံမြောက်နိုင်တဲ့အင်္ဂါ (၄)ပါး
၁။ အဂမနိယ၀တ္ထု (အုပ်ထိန်းခြင်း) (၂၀) တို့တွင်ပါဝင်ခြင်း
(၁။ အမိအုပ်ထိန်းသောမိန်းမ၊ ၂။ အဘအုပ်ထိန်းသောမိန်းမ၊ ၃။ မိဘနှစ်ပါးအုပ်ထိန်းသောမိန်းမ၊ ၄။ မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊ ၅။ အစ်မကြီးအစ်မငယ် အုပ်ထိန်းသောမိန်းမ၊ ၆။ ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊ ၇။ အနွယ်တူအုပ်ထိန်းသောမိန်းမ၊ ၈။ အတူနေသီတင်းသုံးဖော် အုပ်ထိန်းသောမိန်းမ၊ ၉။ လက်ထပ်ပြီးသူလင်ယောက်ျား အုပ်ထိန်းသောမိန်းမ၊ ၁၀။ မင်းတို့ကောက်ယူရန် သတ်မှတ်ထားပြီးသောမိန်းမ၊ ၁၁။ ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊ ၁၂။ သဘောတူအလိုတူ၍ ညားနေသောမိန်းမ၊ ၁၃။ စည်းစိမ်ပေး၍ ပေါင်းဖော်သောမိန်းမ ၁၄။ ပုဆိုးတန်းတင်ပြု၍ နေသောမိန်းမ၊ ၁၅။ ခွက်၌လက်ဆုံချ၍ မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊ ၁၆။ ခေါင်းခုကိုချ၍ လင်မယားအဖြစ် နေသောမိန်းမ၊ ၁၇။ ကျွန်လည်းဖြစ် မယားလည်းဖြစ်သောမိန်းမ၊ ၁၈။ အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သောမိန်းမ၊ ၁၉။ စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊ ၂၀။ ခဏမျှပေါင်းဖော်ရန် ငှါးရမ်းထားသောမိန်းမ (ပါရာဇိကဏ်ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ) )
၂။ ပြုကျင့်မှီဝဲလိုစိတ်ရှိခြင်း
၃။ ရနိုင်သောနည်းဖြင့် လုံ့လပြုခြင်း
၎။ ပြုကျင့်ခြင်းကိုလည်း သာယာခြင်း

မုသာဝါဒ (လိမ်ညာမှု) ကံမြောက်နိုင်တဲ့အင်္ဂါ (၄)ပါး
၁။ အတထ = မမှန်သောအကြောင်းအရာဖြစ်ခြင်း
၂။ ၀ိသံဝါဒစိတ္တ = မှားယွင်းစေလိုသောစိတ်ရှိခြင်း
၃။ တဇ္ဇ၀ါယမ = ထိုစိတ်ဖြင့်လုံ့လပြုခြင်း
၎။ တဒတ္ထဇာနန = မိမိလိမ်ညာပြောဆိုနေသည်ကိုသိခြင်း

သုရာမေရယ (မူးယစ်သေစာသောက်မှု) ကံမြောက်နိုင်တဲ့အင်္ဂါ (၄)ပါး
၁။ မဇ္ဇဘာဝ = သေအရက်ကဇော်ဖြစ်ခြင်း
၂။ ပါတုကမျစိတ္တ = သောက်လိုသောစိတ်ရှိခြင်း
၃။ ၀ါယမ = သောက်ဖြစ်အောင် လုံ့လပြုခြင်း
၎။ အဇ္စျောဟရဏ = သောက်မျိုချခြင်း

Read more »

ရေးပြီးသမျှ ဓမ္မရသများနှင့် အတွေးရသများ

  1. လု…လူ…လူး…

Read more »

မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)၏ ဘ၀ဖြစ်စဉ်အကျဉ်း


ဖွားမြင်တော်မူခြင်း
ဆရာတော် အရှင်ဝိစိတ္တကို ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး မြို့နယ်၊ အုတ်ဝင်းကျေးရွာ ခမည်းတော်ဦးတင်မောင်၊ မယ်တော် ဒေါ်ခင်ထွေးတို့မှ ၁၃၃၆ခုနှစ်၊ ပြာသိုလဆန်း ()ရက်၊ (၁၅၊ ၁၊ ၁၉၇၅) ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ()ယောက်အနက် တတိယမြောက် သားရတနာဖြစ်သည်။ 

ရှင်၊ရဟန်းအဖြစ်သို့ ရောက်ရှိခြင်း
၁၃၄၈ခုနှစ်၊ တန်ခူးလဆန်း ()ရက်၊ စနေနေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာကျောင်းတိုက်၊ သီရိဇေယျုံကျောင်းဆရာတော် ဘဒ္ဒန္တသီလာစာရကို ဥပဇ္ဈာယ် ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့သည်။ ဘွဲ့တော် ရှင်ဝိစိတ္တဖြစ်သည်။ 

၁၃၅၆ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ()ရက် (၅၊ ၁၁၊ ၁၉၉၄)၊ စနေနေ့တွင် ခရမ်းမြို့၊ ပါဠိတက္ကသိုလ် ကိုင်းကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသ (အဂ္ဂမဟာပဏ္ဍိတ) မထေရ်ကို ဥပဇ္ဈာယ်ပြု၍ ခရမ်းမြို့၊ ()ရပ်ကွက်၊ ဗုဒ္ဓဟူးလမ်းနေ ဦးဖူးညို + ဒေါ်ခင်မြိုင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိသည်။

ပရိယတ်၊ ပဋိပတ်နှင့် လောကီပညာရပ်များ လေ့လာသင်ယူခြင်း
သာသနာ့ဘောင်သို့ ရောက်ရှိပြီးနောက် ဆရာတော်သည် ဒိုက်ဦးမြို့နယ်၊ အုတ်ဝင်းကျေးရွာ၊ ရွာဦးကျောင်းဆရာတော်ကြီး ဘဒ္ဒန္တနန္ဒဝံသ၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊ သီရိဇေယျုံကျောင်းဆရာတော် ဘဒ္ဒန္တသီလာစာရ၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဓမ္မာလင်္ကာရကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ နှင့် စာချဆရာတော်များ၊ ခရမ်းမြို့၊ ပါဠိတက္ကသိုလ် ကိုင်းကုန်း ကျောင်းဆရာတော် ဘဒ္ဒန္တကေလာသနှင့် စာချဆရာတော်များ၊ ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဇောတ၊ ဘဒ္ဒန္တသံဝရနှင့် စာချ ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတာဘိဝံသ၊ ဘဒ္ဒန္တဝဏ္ဏိတ အမှူးပြုသော သင်ကြားစီမံဆရာတော်များ၊ ရန်ကုန်မြို့၊ မဟာစည် သာသနာ့ရိပ်သာ နာယကဆရာတော်များနှင့် ကမ္မဋ္ဌာနာ စရိယဆရာတော်များ၊ ဓမ္မာစရိယ ဦးဌေးလှိုင်၊ ဓမ္မာစရိယ ဦးအောင်ခိုင်၊ ဓမ္မာစရိယ ဦးမောင်မောင်လေး၊ ဆရာကြီး ဇေယျာမောင် ဦးကိုလေး၊ ဆရာကြီး ဦးတင်လွင်၊ ဆရာကြီး ဦးစံတင်၊ ဆရာဦးနန္ဒာသိန်းဇံ အစရှိသည့် ပြင်ပပညာရှင် ဆရာကြီးများ အထံတော်တို့တွင် ပရိယတ်၊ ပဋိပတ် ပညာရပ်များနှင့် လောကီပညာရပ်များကို အဆင့်ဆင့် လေ့လာသင်ယူခဲ့သည်။ 

အောင်မြင်ခဲ့သည့် စာမေးပွဲများ
ဆရာတော် အောင်မြင်ခဲ့သည့် အောင်ပန်းများမှာ
အခြေပြုမူလတန်း
ပထမငယ်တန်း
ပထမလတ်တန်း
ပထမကြီးတန်း
သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism)
သာသနတက္ကသီလမဟာဓမ္မာစရိယ M.A (ကျမ်းပြု)
B.A (Buddhist Studies, GGU, Korea)  စသည်တို့ ဖြစ်သည်။

သာသနာရေးဆောင်ရွက်ချက်များ
ဆရာတော်သည် ပရိယတ်၊ ပဋိပတ်နှင့် လောကီပညာရပ် အဆင့်ဆင့်ကို လေ့လာသင်ယူ အောင်မြင်တော်မူပြီးနောက်
- ၂၀၀၁~၂၀၀၃ ခုနှစ်အထိ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်၊ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာဌာနတွင် အင်္ဂလိပ်စာ နည်းပြတာဝန်
- သာသနာ့တက္ကသိုလ်၊ ရခိုင်ပြည်နယ်ကျောင်းဆောင်၏ အဆောင်မှူးတာဝန်
- ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ အင်္ဂလိပ်စာနည်းပြ တာဝန်များအပြင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များအား ယဉ်ကျေးလိမ္မာ သင်တန်းများနှင့် အင်္ဂလိပ်စာ သင်တန်းများ သင်ကြားပို့ချပေးခြင်း
- ၂၀၀၄~ ၂၀၀၈ ခုနှစ်အထိ တောင်ကိုရီးယားနိုင်ငံ၊ နုံးစန်းမြို့ ဂေါန်ဂန်းတက္ကသိုလ် (Geumgang University)တွင် အစိုးရ ပညာသင်ဆုဖြင့် ()နှစ်တိုင်တိုင် ကိုရီးယားဘာသာစကားနှင့် မဟာယာနဗုဒ္ဓဘာသာကို လေ့လာဆည်းပူးရင်း ကိုရီးယားရောက် မြန်မာများနှင့် ကိုရီးယားနိုင်ငံသားတို့အား တရားဓမ္မ ဟောပြော ပြသပေးခြင်း
- ၂၀၀၈ခုနှစ်မှ စတင်ကာမနာပဒါယီ” (နှစ်သက်ဖွယ်ကို ပေးလှူခြင်း)ဟူသော အမည်ဖြင့် အင်တာနက် စာမျက်နှာများတွင် ဘာသာရေးစာပေများ ရေးသားမျှဝေကာ (၂၀၁၀)ခုနှစ်တွင် မချစ်မမုန်း အကောင်းဆုံးဟူသော ပထမဆုံး ဆောင်းပါး ပေါင်းချုပ် စာအုပ်ကို စတင်ထုတ်ဝေ၍ ဓမ္မစာပေ ပြန့်ပွားရေး အတွက် ဆောင်ရွက်ပေးခြင်း (လက်ရှိအချိန်တွင် ဓမ္မစာအုပ်ပေါင်း ()အုပ်ကျော်ခန့် ထုတ်ဝေပြီး ဖြစ်သည်။)
- ၂၀၀၉ခုနှစ် ()လပိုင်း (၂၆)ရက်နေ့တွင် တောင်ကိုရီးယား နိုင်ငံ၊ ဒယ်ဂူးမြို့၌ စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်းကို စတင်တည်ထောင် ဖွင့်လှစ်ကာ ပဓာနနာယက ဆရာတော်အဖြစ် တာဝန်ယူလျက် ကိုရီးယား၊ မြန်မာ သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိခြင်း 
- ၂၀၁၁ခုနှစ်မှစတင်၍  မနာပဒါယီ အရှင်ဝိစိတ္တ (ကိုရီးယား)” ဟူသော အမည်ဖြင့် မြန်မာပြည်တွင်း တရားပွဲ များအား လက်ခံဟောပြောကာ နယ်လှည့်ဓမ္မကထိက တာဝန်ကို ထမ်းဆောင်လျက်ရှိခြင်း 
- ၂၀၁၂ခုနှစ်၊ ()လပိုင်း (၁၅)ရက် (၃၈)နှစ်ပြည့် မွေးနေ့တွင် မနာပဒါယီ ဖောင်ဒေးရှင်းကို ဦးဆောင်မတည် တည်ထောင်၍ အနယ်နယ်အရပ်ရပ်ရှိ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပြီးသည်အထိ ပညာသင်ဆုပေးခြင်း၊ ပရဟိတ ပညာဒါန လုပ်ငန်းများနှင့် ဓမ္မစာပေ ပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည့် သာသနာပြု လုပ်ငန်းများကို ကြိုးစားလုပ်ဆောင်လျက် ရှိသည်။ 

လက်ရှိသီတင်းသုံးရာဌာနနှင့် သာသနာပြုလုပ်ငန်းများ
 ဆရာတော်သည် ယခုအခါ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာကျောင်းတိုက်၊ သီရိဇေယျုံကျောင်းနှင့် တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတို့၏ ပဓာန နာယကဆရာတော်အဖြစ် တာဝန်ယူကာ တရားဟော တရားပြ၊ စာရေးစာချလုပ်ငန်းများနှင့် ပြည်တွင်းပြည်ပ သာသနာပြု ဓမ္မကထိက တာဝန်များကို ထမ်းဆောင်တော်မူရင်း မနာပဒါယီဟူသော အမည်ဖြင့် http://www.venvicitta. com http://www.facebook.com/ashinvicitta http://cafe.naver.com/cittasukha စသည့် အင်တာနက် စာမျက်နှာတို့မှလည်း ဓမ္မစာပေများ ရေးသားမျှဝေကာ အွန်လိုင်း သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ သီရိဇေယျုံကျောင်းတွင်လည်း မနာပဒါယီ ပညာရေးစင်တာကို ဖွင့်လှစ်ကာ ဘာသာစကား သင်တန်းများနှင့် တက္ကသိုလ်ဝင်တန်း သင်တန်းများကို အခမဲ့ ပညာဒါနပြုပေးလျက်ရှိသည်။ 


Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ