ဗုဒ္ဓအလိုကျ နေထိုင်ခြင်း

“ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။ တရားကို မြင်သောသူသည်၊ ဘုရားကို မြင်၏။” ဤစကားသည် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်မှ ဝက္ကလိမထေရ်အား မိန့်တော်မူသော စကားတော် ဖြစ်၏။ ဝက္ကလိမထေရ်သည် ဘုရားရှင်အပေါ် ချစ်ကြည်ညိုသည့် ပုဂ္ဂိုလ်ရေး သံယောဇဉ်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရောက်လာသူဖြစ်ပြီး ရဟန်းဖြစ်ပြီးနောက်တွင်လည်း ရဟန်းတရားကို အားမထတ်ဘဲ ဘုရားရှင်အားသာ အနီးကပ်ကြည်ရှု...

Read more »

ဆုံနိုင်ခွင့် (သို့) ပါရမီဖြည့်ဖက် (၂)

ဒီဘဝမှာ အဲဒီလို နားလည်မှုတွေနဲ့ အကောင်းဆုံး ဆုံနိုင်ခွင့်ကို တည်ဆောက်ပြီးပြီဆိုရင် နောင်ဘဝအဆက်ဆက် ဆုံနိုင်ခွင့်အတွက်ကတော့ မြတ်စွာဗုဒ္ဓဟောညွန်ပြတဲ့ လမ်းစဉ်ဟာ အကောင်းဆုံးနဲ့ လက်တွေ့ကျင့်သုံးဖို့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက သတ္တဝါတိုင်း၊ သတ္တဝါတိုင်း ဘဝတိုင်းမှာ အတူဆုံနိုင်မယ့် ဆုံနိုင်ခွင့်အတွက် နှစ်ဦးနှစ်ဘက်လုံးက  ၁။ သမသဒ္ဓါ  တူညီတဲ့...

Read more »

သတိပြုဆင်ခြင်ပါ

အကောင်းအဆိုး ဆိုတာ အကြောင်းအကျိုးဆုံရင် ကြုံလာကြတာပဲ။ အကောင်းတွေဆုံလို့လည်း မကောင်းတွေ ကုန်ပြီလို့ မတွေးနဲ့။ မကောင်းတွေဆုံလို့လည်း အကောင်းတွေ မကြုံတော့ဘူးလို့ မတွက်နဲ့။ ကုန်ချိန်တန်ကုန်၊ ဆုံချိန်တန်ဆုံ၊ ကြုံချင်တန် ကြုံနေကြမှာပဲ။ ကြုံဆုံလာတဲ့ အခါမှာသာ ခံနိုင်ရည်ရှိအောင် ကြိုးစားကြဖို့ပါ။ ကောင်းလို့လည်း စိတ်ဓာတ်တွေ မပြောင်းမိစေနဲ့။ မကောင်းလို့လဲ...

Read more »

ဆုံနိုင်ခွင့် (သို့) ပါရမီဖြည့်ဖက် (၁)

“ပါရမီဖြည့်ဖက် အသာတကြည်ထွေးဖက် သံသရာခရီးတစ်လျှောက် ဆုံနိုင်ခွင့်ဖောက်ရင်း နိဗ္ဗာန်ရွှေပြည်အရောက် အတူလျှောက်ကြစို့” “ဆုံနိုင်ခွင့် (သို့) ပါရမီဖြည့်ဖက်”ဆိုတဲ့ ဒီခေါင်းစဉ်လေးက ခေတ်ဆန်နေပြီး သီချင်းခေါင်းစဉ်လိုလို ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ခေတ်လူငယ်တစ်ယောက်က မေးလာတဲ့ အမေးလေးအပေါ်မူတည်ပြီး မှတ်မိလွယ်အောင် ဒီလိုအမည်လေး ပေးလိုက်တာပါ။...

Read more »

ရတာမလို လိုတာမရ ဤလောက

“ယမ္ပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ= အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခ“ လို့ ဘုရားရှင်က ဟောတော်မူပါတယ်။ မှန်ပါတယ်။ လိုနေတာကိုက ဒုက္ခဖြစ်နေတာပါ။ လိုတဲ့အတွက် ရချင်တယ်။ ရချင်တဲ့အတွက် ရအောင်လုပ်တယ်။ ရလာပြန်တော့လည်း အဲဒီအပေါ်မှာ ငြီးငွေ့လာပြန်တယ်။ ပြီးတော့ နောက်တစ်ခု ထပ်လိုချင်ပြန်ပါတယ်။ မရေးသေးတာကိုရချင်၊ ရတော့လည်း တစ်ခြားဟာ လိုချင်၊ တစ်ခြားဟာလိုချင်လာတဲ့...

Read more »

နေ့စဉ်မပြတ် ကုသိုလ်ဆက် ဝတ်စဉ်မပျက် မြဲပါစေ

နေ့စဉ် ကောင်းမှုလေးတစ်ခုခုကို ဝတ်တစ်ခု ဖြစ်အောင် ပြုလုပ်ပါ။ အကြီးကြီး၊ အကြာကြီး၊ အကုန်အကျအများကြီး၊ အရင်းအနှီးအများကြီး ပေးပြီးလုပ်ဖို့ မဟုတ်ပါဘူး။ နည်းနည်းလေးပဲ ဖြစ်ဖြစ် လုပ်ဖြစ်အောင် မပြတ်လုပ်ကြည့်ဖို့ပါပဲ။  ဆိုကြပါစို့။ နေ့စဉ် မနက်အိပ်ရာက နိုးတာနဲ့ နမော တဿ (၃)ခေါက်၊ သရဏဂုံ (၃)ခေါက်၊ မင်းကွန်းဆရာတော်ကြီးရဲ့  “လုံးစုံများစွာ...

Read more »

အားငယ်သူအတွက် ဆေးတစ်ခွက်

သိပ်တော်ပြီး သိပ်အရည်အချင်းရှိတဲ့ ဒကာတစ်ယောက်။ အတိတ်ကံဝဋ်ကြွေးကြောင့် သူ့ဘဝလေး ဒုက္ခိတ ဘဝရောက်ခဲ့ရတယ်။ အားမပျက်ဖို့၊ အားမလျော့ဖို့၊ ဘဝကို အရှုံ့းမပေးဖို့ အလျဉ်းသင့်သလို သတိပေးနေရတယ်။  သူဘက်ကကြည့်တော့လည်း ဒီဝဋ်ကြွေးကြီးနဲ့အသက်ရှင်နေရတာကို မနှစ်မြို့လှပေဘူးပေါ့။ ဘာတတ်နိုင်မှာလည်း ဘုရားရဟန္တာတွေတောင်မှပဲ ဝဋ်ကြွေးတော်ကို တန်ခိုးတော်နဲ့...

Read more »

မင်းအိမ်

မြန်မာနိုင်ငံသား အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အဆိုးအမြင်တွေနဲ့ ကိုယ့်မြန်မာနိုင်ငံအကြောင်း ၊ ကိုယ့်လူမျိုးအကြောင်း ဟိုပြောဒီပြော သိပ်မပြောကြပါနဲ့။ တကယ်တော့ အဲဒီလို ပြောနေတာ ကိုယ့်အိမ်ကို ကိုယ်ပြန်ပြီး အဆိုးဖြစ်အောင် လုပ်နေသလို ဖြစ်နေပါတယ်။ ဘယ်သူတွေဘာပဲ ပြောပြော မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံသား အားလုံးရဲ့ ကိုယ်ပိုင်အိမ်ပါပဲ။ ကိုယ့်အိမ်ကောင်းရင်...

Read more »

ဒါနမြောက်အောင် ပေးပါ

ဒါနဆိုတာ ပေးကမ်းခြင်းကို ပြောတာဖြစ်ပါတယ်။ သဒ္ဓါတရား အားနည်းလို့ မပေးလိုမကမ်းလိုတဲ့ လူတွေရှိတတ်ပေမယ့် အတော်များများက ရှိရင်ပေးတတ်ကြတဲ့ သူတွေများပါတယ်။ သူများတွေကို ပေးဖို့သဘောမကျတဲ့ သူတွေဖြစ်စေဦးတော့ ကိုယ့်မိဘ၊ မိသားစု၊ ဆွေမျိုးစတဲ့သူတွေ အပေါ်မှာတော့ လိုအပ်ရင် လိုအပ်သလို၊ ရှိရင်ရှိသလို ပေးတတ်ပါတယ်။ အဲဒီလို ပေးတဲ့အခါ သဒ္ဓါတရားကောင်းလို့ စေတနာပြတ်ပြီး...

Read more »

ဝေဒနာနှင့် အပြိုင်

ဝေဒနာဆိုတဲ့ ဒီပါဠိဝေါဟာရ စကားလုံးဟာ ခံစားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ခံစားခြင်းမှန်သမျှ ကောင်းတဲ့ခံစားခြင်းပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့ခံစားခြင်းပဲ ဖြစ်ဖြစ်၊ အကောင်းလည်းမဟုတ်၊ အဆိုးလည်းမဟုတ်တဲ့ ခံစားခြင်းမျိုးပဲဖြစ်ဖြစ် ဘယ်လိုခံစားမှုမျိုးကိုမဆို အလွယ်ပြောဆိုကြရမယ်ဆိုရင် အားလုံးဟာ ဝေဒနာတွေချည်းပါပဲ။ ဘယ်သူကြောင့်ပဲ ခံစားခံစား၊ ဘာကြောင့်ပဲ ခံစားခံစား၊...

Read more »

မကျေနပ်ချက်ကို လျော့ချကြည့်ခြင်း

လူအတော်များများက တစ်ယောက်နဲ့တစ်ယောက် တည့်နေတုန်းကတော့ ဘာအပြစ်မှ မမြင်ကြဘူး။ မတည့်လို့ကတော့ ဘယ်လောက်ကောင်းကောင်း အကောင်းကို မမြင်ကြတော့တာပါ။ အရင်တုန်းက ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့ တစ်ချက်လောက်များ မကောင်းဖြစ်ခဲ့ရင် အဲဒီ ကောင်းတဲ့အချက်တွေဟာ အလိုလိုကို ပျောက်ကုန်ကြတော့တာပါ။  အမှန်တော့ အဲဒီလို မဖြစ်သင့်ပါဘူး။ လူတိုင်းမှားတတ်တဲ့...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ