ပြောချင်သူတွေ ပြောကြပါစေ

“လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ”ဆိုတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့ စာသားလေးတွေကို နာယူမှတ်သားရတဲ့အခါ တစ်ခါတလေ လှည့်ပတ်ဖို့ ချောင်းနေကြ၊ အထင်သေးဖို့ ကြိုးစားနေကြ၊ ဆင်းရဲအောင် လုပ်နေကြတဲ့ သူတွေကို သတိရမိတတ်ပါတယ်။ လူအတော်များများက တစ်ယောက်နဲ့တစ်ယောက် ဟန်ဆောင်မှုတွေ၊ လှည့်ပတ်မှုတွေ၊ အပြစ်တင်မှုတွေနဲ့ ဘာလုပ်ရင်လည်း လုပ်ပြန်ပြီ၊...

Read more »

ဒါလည်းပဲပြီးသွားမှာပဲ

“အရာအားလုံးဟာ မမြဲခြင်းသဘော ရှိ၏” ဆိုတဲ့ ဘုရားစကား ကြားမိတဲ့အခါ တစ်ခါတစ်လေ စာသင်သား ဘ၀က အင်္ဂလိပ်စာ ဆရာကြီးတစ်ယောက် ပြောလေ့ပြောထ ရှိတဲ့ အင်္ဂလိပ် စကားလေးကိုလည်း သွားသွားပြီး သတိရမိပါတယ်။ ဆရာကြီးက စာသင်တဲ့အခါတိုင်း “ This too will pass” ဆိုတဲ့ စကားလုံးလေးကို ရေးရေးပြီး သူ့အတွေ့အကြုံလေးတွေနဲ့ ချိန်ထိုးကာ ပြောပြလေ့ရှိပါတယ်။ ပြီးတော့ သူက “အရှင်ဘုရားတို့ သိတဲ့အတိုင်းပဲဘုရား… လောကမှာ ဘာမှမြဲတာမရှိဘူး၊ ဖြစ်ပြီးရင်ပျက်တတ်တဲ့ သဘောရှိပါတယ်၊...

Read more »

ပြောင်းလဲခြင်း များစွာဖြင့်

ဒီနေ့ (၁၉-၁-၂၀၁၂) မနက်ပဲ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို ပြန်ရောက် လာခဲ့ပါတယ်။ ကိုရီးယားနှစ်သစ်ကူး ပိတ်ရက်နဲ့ ရွှေမြန်မာတွေရဲ့ ကုသိုလ်ပွဲတွေ အတွက် ခဏလောက် အရောက်ပြန်လာခြင်းပါပဲ။ ခဏတစ်ဖြုတ် ရောက်တုန်းရောက်ခိုက် ကိုယ်တွေ့ကြုံခဲ့ရတဲ့ အပြောင်းအလဲလေးတွေ အကြောင်း သတင်းကောင်းပါချင်လို့ မရေးတာကြာပြီဖြစ်တဲ့ ဒီဓမ္မစာမျက်နှာကို...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ