ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်ပါ…

ဘာရယ်မဟုတ်ပါဘူး။ အမြင်မတော်တာလေးတွေ တွေ့လာလို့ အမုန်းခံကြည့်မလားလို့ပါ။ ဘုန်းဘုန်းက စာပေါင်းစုံဖတ်တတ်တော့ ဟိုစာဆိုလည်း ဖတ်ဖြစ်၊ ဒီစာဆိုလည်း ဖတ်ဖြစ်၊ ဟိုပို့စ်ဆိုလည်း ဖတ်ဖြစ်၊ ဒီပို့စ်ဆိုလည်း ဖတ်ဖြစ်၊ ဟိုစီဘောက်စ်ဆိုလည်း စပ်စုဖြစ်၊ ဒီစီဘောက်စ်ဆိုလည်း စပ်စုဖြစ်နေမိပါတယ်။ အဲလို ဟိုဟိုဒီဒီ ရောက်တတ်ရာရာတွေ ဖတ်မိတော့ ဘာတွေတွေ့လာလဲဆိုတော့ ဟိုရေးဒီရေး၊ ဟိုလူမကောင်းကြောင်းပြော၊ ဒီလူ မကောင်းကြောင်း ပြောတာလေးတွေလည်း တွေ့နေမိပါတယ်။ ဒါတွေ...

Read more »

သူ့ကိုသတ်မှ တကယ်ပြတ်မှာ…

တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတဟောင်း နိုမုဟျောင်းတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုတဲ့ သတင်းကို အားလုံးကြားသိပြီး ဖြစ်ကြမှာပါ။ ဒီသမ္မတဟာ လာဘ်စားမှုများနဲ့ အမှုရင်ဆိုင်နေရချိန်မှာ အခုလို ကိုယ့်ကိုယ်ကို ကြိုတင်ကြံစည်ပြီး အဆုံးစီရင်သွားခြင်း ဖြစ်ပါတယ်။ ဘ၀ရဲ့ ဒုက္ခ၊ ကြုံလာရတဲ့ လောကဓံတွေနဲ့ ရင်ဆိုင်နေရတဲ့ သူတစ်ယောက်ရဲ့ ထွက်ပေါက်အဖြစ် ဒီဒုက္ခ၊ ဒီလောကဓံတွေက လွတ်မြောက်အောင် ``ဒီလောက်ဖြစ်လှတာ သေတာပဲကောင်းပါတယ်၊ ဒါမှ ဒီဒုက္ခတွေက ငြိမ်းမှာ``ဆိုတဲ့...

Read more »

အကုသိုလ်ဖြစ်ကြောင်း၊ မဖြစ်ကြောင်းတရားများ..

``ပါပါသ္မိံ ရမ္မတိ မနော- စိတ်သည် မကောင်းမှုမှာ မွေ့လျော်၏``လို့ ဆိုတဲ့အတိုင်းပဲ သူသူကိုယ်ကိုယ် ပုထုဇင်မှန်သမျှ ကုသိုလ်ထက် အကုသိုလ်ဖြစ်ဖို့က ပိုများတတ်ပါတယ်။ အမှန်တော့ ကုသိုလ်ဖြစ်ဖို့လည်း လွယ်ပါတယ်။ ကုသိုလ်ဖြစ်အောင် နေဖို့လုပ်ဖို့သာ ခက်နေကြခြင်း ဖြစ်ပါတယ်။ သူနဲ့ဆန်ကျင်ဘက် အကုသိုလ်ကတော့ ဖြစ်ဖို့လည်း လွယ်သလို လုပ်ဖို့လည်း လွယ်ပါတယ်။ လုပ်မိရင်လည်း ဖြတ်ဖို့ခက်ပါတယ်။ ကြာတော့ အကုသိုလ်ကိုလုပ်ရင်း အကုသိုလ်ကို အကုသိုလ်လို့ မမြင်တတ်တော့ဘဲ သာမန်နေ့စဉ်...

Read more »

ဘယ်လိုနေလို့ ဘယ်လိုသေကြမလဲ…

ခုတစ်လော ဘုန်းဘုန်းတို့ မြန်မာများရဲ့ နာရေးသတင်းတွေ မကြာမကြာ ကြားသိနေရပါတယ်။ တစ်ယောက်ကလည်း ငါးထပ်တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေတယ်တဲ့…။ ခုတစ်ယောက်ကျပြန်တော့လည်း လုပ်ငန်းခွင်မှာ ရုတ်တရက် ပြင်းထန်စွာ ထိခိုက်ပြီး ဆေးရုံမှာ သေသွားတာတဲ့…။ ကြည့်လိုက်တော့ အသက်တွေက ငယ်ငယ် အရွယ်ကောင်းလေးတွေဖြစ်ပြီး ရုပ်ရည်ကလည်း သန့်သန့်ပြန့်ပြန့်လေးတွေချည်းပဲ..။ ဒါပေမယ့် သူတို့တွေကတော့ ခုမရှိတော့ပါဘူး…။ ဘယ်ဘ၀ကိုရောက်လို့ ဘာတွေဖြစ်ကုန်ကြပြီလဲ...

Read more »

သစ္စာတရား၊ ဖြောင့်ဖြူးသောလမ်း နှင့် ကြောင်းကျိုးဆက်စပ်မှု…

သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးနှင့် ပဋိစ္စသမုပ္ပါဒ်အကြောင်း စာရေးသူနှင့်တွေ့သူ အတော်များများက မေးလေ့ရှိကြသည့်အပြင် ၎င်းတို့အနေဖြင့် စာအုပ်များ ရှာဖွေဖတ်ရှုသော်လည်း နားလည်ရန် ခက်ခဲလှပါကြောင်း၊ အချိန်ရ၍ အလျဉ်းသင့်လျှင် နားလည်လွယ်စေမည့် ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးသားဖော်ပြပေးစေလိုကြောင်း လျှောက်ထားမှုများ ရှိလာသဖြင့် စာရေးသူလည်း မှတ်မိလွယ်စေမည့် ခေါင်းစဉ်တစ်ခုကို စဉ်းစားကာ ``သစ္စာတရား၊ ဖြောင့်ဖြူးသေားလမ်းနှင့် ကြောင်းကျိုးဆက်စပ်မှု`` ဟူသော ဤခေါင်းစဉ်ဖြင့်...

Read more »

ဂိလာနနဲ့ ၀ိကာလ… ပြီးတော့… ကြာကြာမနေ သေရတော့မယ်ဆိုရင်..

Q. ဘုန်းဘုန်း(၁) တပည့်တော်ဟာ ကုသရ မလွယ်ကူတဲ့ နာတာရှည် ဝေဒနာ ခံစားနေရသူ ဖြစ်ပါတယ်။ ဒီရောဂါကြောင့် ကွယ်လွန်နိုင်ခြေလဲ ရှိပါတယ်။ တပည့်တော် ဥပုသ်ကို လရှည် စောင့်လာတာ မကျန်းမာလာတော့ ဆရာဝန်က ဥပုသ်ချဖို့ ပြောပါတယ်။ မချဘဲ တင်းခံနေတာ ပိုဆိုးလာလို့ ဝိကာလဘောဇနာ စည်းကမ်းချက်ကို ချခဲ့ရပါတယ်။တပည့်တော် ဥပုသ်ကို အပြည့် စောင့်စည်းချင်ပါတယ်။ ဝိကာလ ဘောဇနာကို ချန်ပြီး ၇ ပါးပဲ စောင့်စည်းခြင်းဟာ မလုပ်သင့်ဘူး။ မလေးစားရာ ရောက်တယ်။ မစောင့်တာက ပိုကောင်းသေးတယ်လို့လဲ...

Read more »

အမှားသံသရာ…

ပြီးခဲ့တဲ့ တနင်္လာနေ့က ဘုန်းဘုန်းအနေနဲ့ မြန်မာပြည်က ဆရာတော်တစ်ပါးကြွလို့ ဆရာတော်တရားပွဲလုပ်မယ့် နေရာကိုကြွပြီး ဘာသာပြန်လုပ်ပေးရပါတယ်။ ဘာသာပြန်ပေးရတာက တရားဟောတာရော၊ စကားပြောတာတွေရောပါ။ တရားပွဲပြီးတော့ စကားပြောတဲ့အချိန်မှာလည်း စကားပြန်လုပ်ပေးရပါတယ်။ စကားက ရိုးရိုးစကားမဟုတ်ပါဘူး။ ပြဿနာ စကားတွေပါ။ ပြဿနာက တစ်ခြားမဟုတ်ဘူး။ ဘုန်းကြီးကိုပင့်လာပြီး သူ့နေရာမှာ တရားစခန်းလုပ်မယ်၊ ကိုယ့်နေရာမှာ တရားစခန်းလုပ်မယ်ဆိုတဲ့ ပြဿနာပါ။ တရားစခန်းလုပ်တာ...

Read more »

နှလုံးသားမှာ ကမ္ဗည်းထိုးပါ…

မကြာသေးပါဘူး။ ဒကာတစ်ယောက်က သူ့မွေးနေ့အဖြစ် ဘုန်းဘုန်းကျောင်းမှာ ဆွမ်းလာပြီးချက်ပြုတ် လှူဒါန်းပါတယ်။ ဆွမ်းစားပြီးတော့ မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာပြည်မှာ ဆောက်လုပ်မယ့် ကျောင်းအတွက် ကွယ်လွန်သွားပြီးဖြစ်တဲ့ မိဘတွေကို ရည်စူးပြီး ကျောင်းအလှူတော်ငွေ တစ်သိန်းကိုလည်း လှူဒါန်းကာ တရားနာရေစက်ချပါတယ်။ ပြီးတော့ ဘုန်းဘုန်းက ကျောင်းအလှူရှင်များ စာရင်းစာအုပ်မှာ ရေးမှတ်ဖို့ ``ဒကာ… ဘယ်လိုရေးပေးရမလဲ``လို့ ထုံးစံအတိုင်း မေးလိုက်ပါတယ်။ ဒီအခါမှာ...

Read more »

ကဆုန်လပြည့် ဗုဒ္ဓနေ့…

မင်္ဂလာပါ… ညီတို့ ညီမတို့ရေ…ဒီနေ့ကတော့ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှုအရ အစဉ်အလာ သတ်မှတ်ကျင်းပလာတဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ပဲ ဖြစ်ပါတယ်ကွယ်…။ ထေရ၀ါဒ မဟုတ်တဲ့ တစ်ခြားဗုဒ္ဓဘာသာ နိုင်ငံတွေမှာတော့ သူတို့နိုင်ငံ ပြက္ခဒိန်သတ်မှတ်တဲ့ နေ့ရက်အရ ဗုဒ္ဓဖွားမြင်တော် မူတဲ့နေ့အဖြစ် သတ်မှတ်ကျင်းပ ကြပါတယ်။ ကိုရီးယားနိုင်ငံမှာဆိုလည်း သူတို့နိုင်ငံ ပြက္ခဒိန်...

Read more »

ဗောဓိပက္ခိယ…

Q. အရှင်ဘုရား…ဗောဓိပက္ခိယရဲ့ အဓိပ္ပါယ်၊ ဗောဓိပက္ခိယတရားများရဲ့ အရေအတွက်နဲ့ မြန်မာလိုအဓိပ္ပါယ်များကို သိလိုပါတယ်။ တပည့်တော်တို့ နားလည်အောင် ရှင်းပြပေးစေလိုပါတယ်ဘုရား..ရိုသေစွာဖြင့်(ဒေါက်တာနီနီ)A. ဗောဓိပက္ခယရဲ့ ပါဠိတိုက်ရိုက်အဓိပ္ပါယ်ကို ဗောဓိ၊ ပက္ခ၊ ဣယလို့ ပုဒ်ခွဲပြီး ဗောဓိ- သစ္စာလေးပါးကို သိတတ်သော မဂ်ဉာဏ်၊ ပက္ခ- အသင်းအပင်း၊ ဣယ-ဖြစ်ခြင်းလို့ အသီးသီး အဓိပ္ပါယ်ရကာ ဗောဓိဉာဏ်၏ အသင်းအပင်းဖြစ်သော တရားများလို့ နားလည်နိုင်ပါတယ်။ အလွယ်နားလည်အောင်...

Read more »

ဂုဏ၀န္တေ ပဿန္တိ ဇနာ…

``ဂုဏ၀န္တေ ပဿန္တိ ဇနာ`` ဒီစာကြောင်းလေးကို ဂုဏ်ရှိမှ လူမြင်၏လို့ တိုက်ရိုက်အဓိပ္ပါယ် ယူနိုင်ပါတယ်။ ခတ်ရိုင်းရိုင်းပြောရရင် အမြီးရှည်မှ လူရာဝင်တယ်၊ လူအထင်ကြီးတယ်လို့ အလွယ်နားလည်နိုင်ပါတယ်။ အားလုံးသိတဲ့အတိုင်း ခေတ်ကာလ အနေအထားအရ လူတွေဟာ များသောအားဖြင့် တစ်ဦးနဲ့တစ်ဦး ကြည့်တဲ့အခါ၊ ဆက်ဆံတဲ့အခါ ဒီဂုဏ်တွေကို ကြည့်ပြီးဆက်ဆံ ပြောဆိုနေကြတာကို တွေ့ရပါတယ်။ ယနေ့ခေတ်လူတွေ အထင်ကြီး သတ်မှတ်ကြတဲ့ ဂုဏ်တွေကတော့ ပညာဂုဏ်၊ ရာထူးဂုဏ်၊ ငွေဂုဏ်စတာတွေ ပါပဲ။...

Read more »

အရှင်အာနန္ဒာနှင့် စပ်လျဉ်း၍…

Q. ဘုန်းဘုန်းဘုရား…အရှင်အာနန္ဒာဟာ ဗဟုသုတအရာ၊ သတိမမေ့သည့်အရာ၊ ပညာလျင်သည့်အရာ၊ လုံ့လရှိသည့်အရာ၊ အလုပ်အကျွေးကောင်းအရာ ဧတဒဂ်ငါးခု ရတယ်လို့ ဘုန်းဘုန်းပို့စ်မှာ ဖတ်ရပါတယ်။ (၁) ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာနဲ့ လုံ့လဧတဒဂ်ရတဲ့ အရှင်သောဏတို့နဲ့ အရှင်အာနန္နာရတဲ့ ဧတဒဂ် ဘယ်လို ကွာပါသလဲဘုရား။ (၂) ဒီလောက် ဥာဏ်ကြီးတဲ့ အရှင်အာနန္ဒာဟာ မြတ်စွာဘုရားကို လုပ်ကျွေးချင်လို့ သောတာပန် ဘဝမှာပဲ ဆက်နေတာလား၊ အထက်မဂ်တွေရအောင် အားမထုတ်ဘဲ ရပ်ထားတာလား ရှင်းပြစေလိုပါတယ်ဘုရား။...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ