လောကရှိလူသားတိုင်း တွေ့ကြုံရမည့် သဘောတရားကို လောကဓမ္မ(လောကဓံ)ဟု ခေါ်၏။ လူသားတိုင်း မဖြစ်မနေ တွေ့ကြုံခံစားရမည့် ယင်းလောကဓံ တရားများမှာ ၁။ လာဘ်လာဘပေါများခြင်း၊ ၂။ လာဘ်လာဘမရှိခြင်း၊ ၃။ အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများခြင်း၊ ၄။ အခြံအရံ မိတ်ဆွေအပေါင်းအသင်း မရှိခြင်း၊ ၅။ ချီးမွမ်းခံရခြင်း၊ ၆။ ကဲ့ရဲ့ခံရခြင်း၊ ၇။ ချမ်းသာခြင်း၊ ၈။ ဆင်းရဲခြင်းဟူသော ဤတရားရှစ်ပါးပင် ဖြစ်၏။ ဤတရားရှစ်ပါးကို မတွေ့ကြံဖူးသူ၊ မခံစားဖူးသူ တစ်စုံတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။...