ကံဟူသည် ပါဠိကမ္မဟူသော စကားလုံးကို မြန်မာမှုပြုထားခြင်းဖြစ်၏။ အလုပ်ဟု တိုက်ရိုက်အဓိပ္ပါယ် ပြန်ဆိုနိုင်၏။ ယင်းကံသည် အကျဉ်းအားဖြင့် နှစ်မျိုးရှိ၏။ ကုသလကမ္မ ကောင်းသည့်အလုပ်နှင့် အကုသလကမ္မ မကောင်းသည့်အလုပ်ဟူ၍ ဖြစ်၏။ မည်သူမဆို နေ့စဉ်အလုပ်တစ်ခုခုကို လုပ်နေကြမည်သာဖြစ်၏။ ယင်းအလုပ်သည့် ကောင်းသည့်အလုပ် သို့မဟုတ် မကောင်းသည့်အလုပ် တစ်ခုခုပင်ဖြစ်၏။ ပုထုဇင်ပုဂ္ဂိုလ်မှန်သမျှ ဤနှစ်မျိုးမှ တစ်မျိုးမျိုးလုပ်နေကြမည်မှာ ဧကန်မုချပင်ဖြစ်၏။ အာသဝေါ ကုန်ခမ်းရဟန္တာ...