အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရ…

ဝေါဟာရ တစ်ခု၏ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ “အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့်”ကို အကောင်းမြင်ဝါဒဟု ဆိုပြီး “အသင့်အားဖြင့် နှလုံးသွင်းခြင်း” ကို ယောနိသော မနသိကာရဟု ဆို၏။ အရာရာကို ကောင်းသည့်ဘက်၊ ကောင်းသည့်ရှုထောင့်မှသာ မြင်တတ်ကြည့်တတ်သည့် အလေ့အကျင့်သဘောကို အကောင်းမြင်ဝါဒဟု ဆို၍ အကြောင်းအရာ တစ်ခုခုကို သင့်လျော်လျောက်ပတ်အောင် နှလုံးသွင်းခြင်း၊ စဉ်းစားခြင်း၊ ရှုမြင်ခြင်းကို ယောနိသော မနသိကာရဟု ဆိုလေ့ရှိ၏။ တိုတိုနှင့်လိုရင်း အဓိပ္ပါယ် အနေဖြင့်...

Read more »

အလယ်အလတ်လမ်း (သို့) မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်…

တရားဦးဒေသနာခေါ် ဓမ္မစကြာတရားတော်တွင် မြတ်ဗုဒ္ဓက “အစွန်းနှစ်ပါးကိုရှောင်ပြီး အလယ်အလတ် လမ်းကိုဆောင်ရန်” ဟောကြားတော်မူထား၏။ ကာမဂုဏ်အာရုံများတွင် အလွန်အကျူးလိုက်စားခြင်း အကျင့်နှင့် မိမိကိုယ်ကိုယ် ဆင်းရဲပင်ပန်းစွာ ညှင်းစဲခြင်းအကျင့်ဟူသော အစွန်းနှစ်ပါး အကျင့်တရား လမ်းစဉ်များကို မလိုက်စားဘဲ အစွန်းမရောက်သည့် မှန်ကန်သည့် လမ်းစဉ်ဖြစ်သည့် အလယ်အလတ်လမ်းစဉ်ကို လိုက်နာကျင့်သုံးကြရန် မိန့်တော်မူ၏။ မြတ်ဗုဒ္ဓမိန့်တော်မူသည့် အလယ်အလတ်လမ်းကို မဇ္ဈိမပဋိပဒါလမ်း...

Read more »

ဥပေက္ခာပြုခြင်းနှင့် ဥပေက္ခာအပြုခံရခြင်း…

ဥပေက္ခာဟူသော စကားကို “လျစ်လျူရှုခြင်း”ဟု အများနားလည်သဘော ပေါက်ထားကြ၏။ စာပေအဖွင့်အတိုင်း ပြောရလျှင် “သတ္တ၀ါပညတ်ကို အာရုံပြုပြီး သတ္တ၀ါများသည် ကံစီမံရာ ဖြစ်ကြရ၏ဟု အောက်မေ့ဆင်ခြင်ကာ လျစ်လျူရှုခြင်း”ဟု ပြောနိုင်မည်ဖြစ်၏။ အခြားအဓိပ္ပါယ် တစ်ခုအနေဖြင့် ပြောမည်ဆိုလျှင် “တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို အမှီပြုပြီး ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်အောင် နေခြင်း” ဟု ပြောနိုင်ပေ၏။ ထို့ကြောင့် ဥပေက္ခာသည် ဥပေက္ခာနှင့် နေနိုင်သူများ၊ ဥပေက္ခာတရား ထားနိုင်သူများအတွက်...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ